ရန်ကုန်၊ ဩဂုတ် ၉
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် သိန်း ၁၀၀ ကျော်တန်ရှိသည့် ဆိုင်ကယ်တစ်စီး လုယက်ခံရကြောင်း သိရသည်။
ဩဂုတ်လ ၈ ရက်၊ ည ၈ နာရီကျော်က ချမ်းမြသာစည်မြို့နယ် မနော်ဟရီတောင်ဘက် (၄၉)လမ်းနှင့် လမ်း(၅၀) ၁၁၀ E လမ်းနားတွင် သားအမိသုံးဦးစီးလာသည့် သိန်း ၁၀၀ ကျော်တန်ဆိုင်ကယ်တစ်စီး လုယက်ခံရကြောင်း သိရသည်။
“မနေ့ညကဖြစ်တာ။ CCTV ကနေလည်းတင်ပေးထားပါတယ်။ သူတို့ကတော့ အေးအေးဆေးဆေးပေးရင်ပေး မပေးရင်ခုတ်မှာဆိုပြီးပြောတာ။ ကျွန်တော်ကလည်း ရတယ်ပေးမယ်။ ကလေးတွေတော့မလုပ်ပါနဲ့ဆိုပြီး ပြောရတယ်။ ဆိုင်ကယ်က အခုကာလပေါက်စျေးနဲ့ဆို သိန်း ၁၀၀ တော့ကျော်မယ်။ အခုအချိန်အထိလည်း ရှာမတွေ့ သေးဘူး။ ဘယ်ကိုရှာလို့ရှာရမှန်းလည်းမသိဘူး။” ဟု လုယက်ခံရသူ ကာယကံရှင်က ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ လုယက်ခံရသည့်ဆိုင်ကယ်သည် ယနေ့အချိန်ထိရှာမတွေ့သေးကြောင်း သိရသည်။
ဇူလိုင် ၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်တွင် ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-လုယက်ခံရသူ၏ Facebook Account
မန္တလေးမြို့တွင် သိန်း ၁၀၀ ကျော်တန်ဆိုင်ကယ်တစ်စီး လုယက်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်