ပြင်ဦးလွင်တွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၉

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့-ရကက(၂၁)၊ မိုးကုတ်လမ်းတွင် ဆိုင်ကယ်နှစ်စီး မျက်နှချင်းဆိုင်တိုက်မိပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၉ ရက်၊ ယနေ့ နေ့လည် ၁ နာရီခန့်က၊ ပြင်ဦးလွင်မြို့-ရကက(၂၁)၊ မိုးကုတ်လမ်း၊ သိမ်းအင်ကျေးရွာအနီးတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိကာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုးကုတ်သွားတဲ့လမ်းမှာ ဆိုင်ကယ်နှစ်စီးက မျက်နှာချင်းးဆိုင်တိုက်မိတာ။ တစ်စီးက သုံးယောက်စီးလာတာ။ နောက်တစ်စီးက တစ်ယောက်ထဲ ။ သုံးယောက်စီးအထဲက ဆိုင်ကယ်မောင်းတဲ့သူ သေသွားတယ်။ ဆေးရုံရောက်မှ နောက်တစ်ယောက်က မျော့မျော့ပဲကျန်တော့တယ်။ စိုးရိမ်ရတယ်။ သုံးယောက်က မိသားစုတွေပါ။ အမျိုးသားကသေသွားတယ်။”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ယာဉ်တိုက်မှုတွင် ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၁ ရက်၊ ည ၇ နာကျော်ကလည်း မန္တလေး-ပြင်ဦးလွင်အဆင်းလမ်း မိုင်တိုင်အမှတ် ၁၆/၃ အနီးတွင် သကြားအိတ်များသယ်ဆောင်လာသည့် ၂၂ ဘီးကားတစ်စီးသည် အိမ်စီးကားကို အရှိန်လွန်ပြီး ဝင်တိုက်ခဲ့ရာက ရွှေမန်းသူချောက်ထဲထိုးကျကာ အမျိုးသားနှစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-သန္တသုခလူမှုကူညီရေးအသင်း

#ယနေ့ခေတ်

ပြင်ဦးလွင်တွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.