အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“ခရစ်ယာန်သုဿာန်ဟောင်းနားမှာဖြစ်တာ။ ကားက ဟိုက်ဂျက်လို့ ပြောရမလားပဲ။ ဝင်တိုက်ပုံက မျက်နာချင်းဆိုင်ထားတာ။ အရှိန်ကလည်းပြင်းတယ်။ ဆိုင်ကယ်ပေါ်မှာက သုံးယောက်လိုက်လာတာ။ အမျိုးသမီးတစ်ဦးကတော့ ဆုံးသွားတယ်။ ကောင်မလေးတစ်နဲ့ အမျိုးသားတစ်ယောက်ကတော့ အကျပြင်းတော့ သူတို့နှစ်ယောက်လည်း ဒဏ်ရာတွေက ပြင်းတယ်။ ကြည့်ရတာ မိသားစုတွေထင်တယ်။ လူနာနှစ်ယောက်နဲ့ သေဆုံးသူကိုတော့ လူမှုကူညီရေးအသင်းကားနဲ့ သယ်သွားတယ်။”
“မိုးကုတ်သွားတဲ့လမ်းမှာ ဆိုင်ကယ်နှစ်စီးက မျက်နှာချင်းးဆိုင်တိုက်မိတာ။ တစ်စီးက သုံးယောက်စီးလာတာ။ နောက်တစ်စီးက တစ်ယောက်ထဲ ။ သုံးယောက်စီးအထဲက ဆိုင်ကယ်မောင်းတဲ့သူ သေသွားတယ်။ ဆေးရုံရောက်မှ နောက်တစ်ယောက်က မျော့မျော့ပဲကျန်တော့တယ်။ စိုးရိမ်ရတယ်။ သုံးယောက်က မိသားစုတွေပါ။ အမျိုးသားကသေသွားတယ်။”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။