ရန်ကုန်၊ ဧပြီ ၁
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်နှင့် ကားဝင်တိုက်မိကာ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး၊ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဧပြီ ၁ ရက်၊ နံနက် ၁၀ နာရီကျော်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်(၇)၊ ခရစ်ယာန်သုဿာန်ဟောင်းအနီးတွင် ဆိုင်ကယ်နှင့် ကားဝင်တိုက်မိကာ အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး၊ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ခရစ်ယာန်သုဿာန်ဟောင်းနားမှာဖြစ်တာ။ ကားက ဟိုက်ဂျက်လို့ ပြောရမလားပဲ။ ဝင်တိုက်ပုံက မျက်နာချင်းဆိုင်ထားတာ။ အရှိန်ကလည်းပြင်းတယ်။ ဆိုင်ကယ်ပေါ်မှာက သုံးယောက်လိုက်လာတာ။ အမျိုးသမီးတစ်ဦးကတော့ ဆုံးသွားတယ်။ ကောင်မလေးတစ်နဲ့ အမျိုးသားတစ်ယောက်ကတော့ အကျပြင်းတော့ သူတို့နှစ်ယောက်လည်း ဒဏ်ရာတွေက ပြင်းတယ်။ ကြည့်ရတာ မိသားစုတွေထင်တယ်။ လူနာနှစ်ယောက်နဲ့ သေဆုံးသူကိုတော့ လူမှုကူညီရေးအသင်းကားနဲ့ သယ်သွားတယ်။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယာဉ်တိုက်မှုတွင်သေဆုံးသွားသည် အမျိုးသမီးနှင့် ဒဏ်ရာရရှိသူနှစ်ဦးကို သန္တိသုခ လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ-သန္တိသုခ လူမှုကူညီရေးအသင်း
ယနေ့ခေတ်
ပြင်ဦးလွင်တွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်