မလေးရှားနိုင်ငံ အမြန်လမ်းတစ်ခုတွင် ဘတ်စ်ကားတိမ်းမှောက် တက္ကသိုလ်ကျောင်းသား ၁၅ ဦး သေဆုံး

ကွာလာလမ်ပူ၊ ဇွန် ၉

Sultan Idris Education University မှ ကျောင်းသားများကို တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် တနင်္လာနေ့ (ဇွန် ၉ ရက်) နံနက်ပိုင်းက Gerik, Banun မြို့တွင် ဘက်စုံသုံးယာဉ်နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်၏အမိန့်အရ ကျောင်းသား ၁၅ ဦး သေဆုံးခဲ့သည့် အသေအပျောက်မှုခင်းအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

တနင်္လာနေ့နံနက် (ဇွန် ၉ ရက်) နံနက်ပိုင်းက ပီရတ်ပြည်နယ်၊ အရှေ့အနောက်အဝေးပြေးလမ်းမကြီးပေါ်တွင် တက္ကသိုလ်ကျောင်းသားများတင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးနှင့် ဘက်စုံသုံးယာဉ်တို့ တိုက်ခိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးမှုများအရ ဘတ်စ်ကားသည် ဘက်စုံသုံးယာဉ်၏ အနောက်ဘက်ကိုဝင်တိုက်မိခဲ့ကြောင်း ပီရတ်ပြည်နယ်ရဲချုပ် Noor Hisam Nordin က ဒေသဆိုင်ရာသတင်းမီဒီယာတစ်ခုကို ပြောကြားသည်။

Sultan Idris Education University မှ ကျောင်းသား ၁၅ ဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့်ပညာရေးဝန်ကြီးဌာန မှ တနင်္လာနေ့တွင်အတည်ပြုပြောကြားခဲ့ပြီး ကလန်တန်မြို့ရှိ ဂျီလီနှင့် ပီရတ်ကို ဆက်သွယ်ပေးသည့် အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဘတ်စ်ကားသည် မလေးရှားအရှေ့ဘက်ကမ်းရိုးတန်းမှ အသက် ၂၁ နှစ်မှ ၂၃ နှစ်ကြားရှိ UPSI ကျောင်း သား ၄၂ ဦးကို တင်ဆောင်လာခဲ့ကြောင်း ပီရတ်ပြည်နယ်ရဲချုပ်က ပြောကြားသည်။

ဟူလူ ပီရတ် မြို့ပြကာကွယ်ရေးတပ်ဖွဲ့၏အဆိုအရ Banun ဘေးအန္တရာယ်စစ်ဆင်ရေးထိန်းချုပ်ရေးစင်တာသည် နံနက် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်တွင် သေဆုံးသူ ၁၅ ဦးပါ၀င်သည့် သေဆုံးမှုနှင့်ပတ်သက်၍ ဖုန်းခေါ်ဆိုမှုလက်ခံရရှိခဲ့ကြောင်း သိရသည်။

“နေရာကိုရောက်တာနဲ့ ဘတ်စ်ကားဟာ ဘက်ဆုံသုံးယာဉ်နဲ့တိုက်မိပြီး မှောက်သွားတာကို တွေ့ရှိခဲ့ပါတယ်” ဟု အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့မှ Bernama ၏ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

မလေးရှားနိုင်ငံ အမြန်လမ်းတစ်ခုတွင် ဘတ်စ်ကားတိမ်းမှောက် တက္ကသိုလ်ကျောင်းသား ၁၅ ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.