ရန်ကုန်၊ ဇူလိုင် ၂၇
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့တွင် ဇူလိုင်လအတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် ငါးဦးထက်မနည်းသေဆုံးသူပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“မနေ့ကတော့ ရွှေလိပ်ပြာဟိုတည်ပေါ် ဗုံးကျလို့ အမိုးတွေလည်းလန်သွားတယ်။ ဗုံးထိလို့ တစ်ယောက်သေတယ်။ သုံးယောက်လောက် ဒဏ်ရာရတယ်။ မိုးကုတ်မှာ မနေ့ကနဲ့ဆို သုံးကြိမ်လောက်ရှိမယ်။ တချို့ကျတော့လည်း မနေရဲကြတော့ဘူး။ စစ်ရှောင်တာတော့ မရှိသေးဘူး။ အကြိမ်ရေများလာရင် ရှောင်သင့်ရင် ရှောင်ရမှာပေါ့။ ဗုံးထိလို့ ဒဏ်ရာရတာလည်း ၁၀ ယောက်လောက်ရှိမယ်။ သေတာတော့ ငါးယောက်၊ ခြောက်ယောက်လောက်ရှိပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ယခုအခါ နစကတပ်များသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို ပြန်လည်သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-CJ
#ယနေ့ခေတ်
မိုးကုတ်မြို့တွင် တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိများရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်