မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို အစိုးရတပ် ပြန်လည်ထိန်းချုပ် ဟုဆို

ရန်ကုန်၊ မေ ၁၉

ထိုင်းမြန်မာနယ်စပ်၊ တနင်္သာရီတိုင်းရှိ မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို အစိုးရတပ်က မေလ ၁၉ ရက်တွင် ပြန်ထိန်းချုပ်လိုက်ကြောင်း အစိုရတပ်နှင့်နီးစပ်သည့်တယ်လီဂရမ် သတင်းချန်နယ်များတွင် ဖော်ပြထားချက်အရ သိရသည်။

မောတောင်မြိုကို KNLA, BPLA, FFD, KNDO နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထိန်းချုပ်ခဲ့သည်။

မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့သည် KNU မြိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်၏ ဌာနချုပ်အခြေစိုက်ဖြစ်ခဲ့ပြီး။ ၁၉၉၂ ခုနှစ်ဝန်းကျင်တွင် အစိုးရတပ်က သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မောတောင်မြိုသည် ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ၊ ပရာကျွတ်ကရီခမ်ခရိုင်၊ ဆင်ခွန်းမြိုနှင့် ထိစပ်နေသည့် ကုန်သွယ်ရေးမြို့ဖြစ်သည်။ မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်၊ မေလတွင် ဖွင့်လှစ်ခဲ့သည်။

ယနေ့ခေတ်
ဓာတ်ပုံ – တယ်လီဂရမ်

မောတောင်နယ်စပ်ကုန်သွယ်ရေးမြို့ကို အစိုးရတပ် ပြန်လည်ထိန်းချုပ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.