မြစ်ကြီးနားတွင် စားသောက်ဆိုင်နှင့် ကားနှစ်စီး မီးလောင်ကျွမ်း

ရန်ကုန်၊ မတ် ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စားသောက်ဆိုင်နှင့် ကားနှစ်စီးမီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မတ်လ ၅ ရက်၊ ည ၈ နာရီကျော်က၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် စားသောက်ဆိုင်နှင့် ကားနှစ်စီးအပြင် ဆိုင်ကယ်နှစ်စီးပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ မီးလောင်ရခြင်း၏အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့ဖြစ်စဉ်တော့ မသိရဘူးဗျ။ စားသောက်ဆိုင်ကတော့ ဘန်ကလိုတဲလေးတွေပဲကျန်ခဲ့တာ။ ဆိုင်မကြီးကတော့ ကုန်သွားတယ်။ ကားကတော့ သုံးနေတဲ့ကား Honda Fit တစ်စီးပါတယ်။ ရပ်ထားတဲ့ကားနဲ့ ဆိုင်ကယ်နှစ်စီးပါတယ်။ သုံးဘီးပါတယ်။ လူထိခိုက်မှုတော့မရှိပါဘူး။ ဆုံးရှုံးမှုကတော့ အခုထိတော့ ခန့်မှန်းလို့မရဘူးဗျ။” ဟု ဒေသခံလူမှုကယ်ဆယ်ရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မီးလောင်မှုသည့် ည ၈ နာရီ၊ ၃၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၉ နာရီ ၅ မိနစ် မီးငြိမ်းသွားကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

မေ ၃ ရက်၊ ည ၇ နာရီကျော်ကလည်း မြစ်ကြီးနားမြို့၊ နယ်မြေ(၇)၊ ခေမာသီရီရပ်ကွက်၊ ခေမာသီရီလမ်းသွယ်(၂၁)လမ်းတွင် ပညာအလင်းတန်း ပုဂ္ဂလိကစာကျက်ဝိုင်းမှ အဆောင်တစ်ခုရှိ TV မှသွယ်တန်းထားသည့် မီးခလုတ်ခုံမှတဆင့် ဝါယာရှော့ဖြစ်ရာက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်
ဓာတ်ပုံ-မျိုးဆပ်သစ်လူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီးနား)
#ယနေ့ခေတ်

မြစ်ကြီးနားတွင် စားသောက်ဆိုင်နှင့် ကားနှစ်စီး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.