စစ်ရဟတ်ယာဉ်နှစ်စင်း ထိပ်တိုက်တွေ့ပြီးနောက် သြစတြေးလျက တရုတ်ကို အကြောင်းကြား

ဆစ်ဒနီ၊ မတ် ၆

သြစတြေးလျနှင့် တရုတ်စစ်ရဟတ်ယာဉ်နှစ်စင်းကြား လုံခြုံမှုကင်းမဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်သော ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအပြီးတွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာကြောင်း သြစတြေးလျကာကွယ်ရေးဌာနက မတ်လ ၆ ရက်၊ သောကြာနေ့တွင် ပြောကြားသည်။

သြစတြေးလျစစ်ရဟတ်ယာဉ်တစ်စင်းသည် ဗုဒ္ဓဟူးနေ့က ပင်လယ်ဝါရှိ နိုင်ငံတကာရေပိုင်နက်ပေါ်တွင် ပျံသန်းနေစဉ် တရုတ်ရဟတ်ယာဉ်တစ်စင်းက ကြားဖြတ်ခဲ့ကြောင်း ကြေ ညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

တရုတ်ရဟတ်ယာဉ်သည် သြစတြေးလျလေယာဉ်၏ အမြင့်နှင့်တူညီပြီး မလုံခြုံသောအကွာအဝေးသို့ နီးကပ်လာကာ မြန်နှုန်းကိုမြှင့်တင်ပြီးနောက် ၎င်းအနီးသို့ရောက်လာသဖြင့် သြစတြေးလျလေယာဉ်အမှုထမ်းများ ရှောင်တိမ်းခဲ့ရသည်။

“ ဤသည်မှာ ကျွန်ုပ်တို့၏လေယာဉ်နှင့် ဝန်ထမ်းများအတွက် အန္တရာယ်ဖြစ်စေသည့် လုံခြုံမှုကင်းမဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်သော လှုပ်ရှားမှုတစ်ခုဖြစ်သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုများကိုပြဋ္ဌာန်းရန် နိုင်ငံတကာကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သြစတြေးလျသည် ပင်လယ်ဝါတွင် ပုံမှန်ကင်းလှည့်မှုတစ်ခု ပြုလုပ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ရေတပ်၏ရဟတ်ယာဉ်နှင့် သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့၏လေယာဉ်တို့ ထိပ်တိုက်တွေ့မှုတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရ သည်။

ယခုဖြစ်ရပ်သည် တရုတ်နိုင်ငံပါဝင်ပတ်သက်သည့် စစ်ရေးထိပ်တိုက်တွေ့မှုများတွင် နောက်ဆုံးဖြစ်ရပ်ဖြစ်ပြီး သြစတြေးလျက အလားတူအသုံးအနှုန်းများဖြင့် လူသိရှင်ကြားထုတ်ပြန်ခဲ့သည်။

အောက်တိုဘာလတွင် ရေကြောင်းကင်းလှည့်နေသည့် လေယာဉ်တစ်စင်းအနီးတွင် မီးရှူးမီးပန်းများကြဲချခဲ့သည့် တရုတ်တိုက်လေယာဉ်၏လုပ်ရပ်များကို ” လုံခြုံမှုကင်းမဲ့ပြီး ပရော်ဖက်ရှင်နယ်မဆန်” ဟုလည်း ဝေဖန်ခဲ့သည်။

မှတ်ချက်ပေးရန်တောင်းဆိုချက်ကို တရုတ်သံရုံးက ချက်ချင်းတုံ့ပြန်ခြင်းမရှိပါ။

Ref: channelnewsasia.com
#ယနေ့ခေတ်

စစ်ရဟတ်ယာဉ်နှစ်စင်း ထိပ်တိုက်တွေ့ပြီးနောက် သြစတြေးလျက တရုတ်ကို အကြောင်းကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.