ရန်ကုန်၊ မတ် ၆
စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့တွင် ချင်းတွင်းမြစ်တွင် ရေဆင်းကစားရာမှ ရေနစ်သေးဆုံးသွားသည့် ကျောင်းသာ၊ ကျောင်းသူလေးဦးအနက် ကျောင်းသူသုံးဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိကြောင်း သိရသည်။
ဟုမ္မလင်မြို့၊ နော်ဖွတ်မော်ရပ်ကွက်ရှိ ချင်းတွင်းမြစ်တွင် မတ်လ ၄ ရက်၊ နေ့လည် ၂ နာရီကျော်က နာဂကျောင်းသား၊ ကျောင်းသူ ၁၁ ဦးရေကစားရာမှ လေးဦးရေနစ်ဆုံးခဲ့ပြီး၊ ကျောင်းသူသုံးဦး၏ ရုပ်အလောင်းများသာ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

“၄ ရက်နေ့ နေ့လည်ကဖြစ်တာဆိုတော့ ၄ ရက်နေ့ ညဘက်မှာ တစ်ယောက်တွေ့တယ်။ ကလေးတွေက နာဂလေးတွေ ကျောင်းဆင်းချိန်ဆိုတော့ မြစ်ထဲရေကစားကြတာ။ မိန်းက လေးသုံးယောက်တော့ ပြန်တွေ့တယ်။ ၅ ရက်နေ့က နှစ်ယောက်တွေ့တယ်။ အသက်တွေက ၁၆ နှစ်၊ ၁၁ နှစ်နဲ့ ၁၄ နှစ်တွေပါ။ ဒီနေ့နေ့လည်မှာတော့ သဂြိုလ်လိုက်ပါပြီ။ အသက် ၇ နှစ် ပထမတန်း ယောင်္ကျားလေးကတော့ DB ပြန်မတွေ့သေးပါဘူး။” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရေနစ်သေဆုံးသွားသည့် မသန်းသန်းစိုး၊ အသက်(၁၆)နှစ်။ မအဆွေသေး၊ အသက်(၁၁)နှစ်။ မဌားနိသေး၊ အသက် (၁၄)နှစ်တို့၏ ရုပ်အလောင်းများကို နောင်ပကျစ်နာရေးကူညီမှူအသင်း(နောင်ပကျစ်)၊ ဂရုဏာရှင်အသင်း(မြေနီကုန်း)၊ နာရေးကူညီမှူအသင်း(နောင်ဘုန်းမော်)တို့မှကားများဖြင့် ခရစ်ယာန်သုဿာန်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ-နောင်ပကျစ်နာရေးကူညီမှူအသင်း
#ယနေ့ခေတ်
ဟုမ္မလင်းတွင် ရေနစ်သေဆုံးသွားသူများမှ ကျောင်းသူသုံးဦး၏ ရုပ်အလောင်းများပြန်တွေ့ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်