မြစ်ကြီးနားတွင် ထင်း၊ မီးသွေးများစျေးကြီး၍ စစ်ဘေးရှောင်ကလေးငယ်များ ရေမျှောထင်းရှာဖွေနေရ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် ထင်း၊ မီးသွေးများ စျေးကြီးနေခြင်းကြောင့် ကျေးရွာအချို့မှ စစ်ရှောင်လာကြသည့် ကလေးငယ်များ ရေမျှောထင်းများကို တစ်နိုင်တစ်ပိုင်ရှာဖွေ ကာ အသုံးပြုနေကြကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နေရာအချို့တွင် လျှပ်စစ်မီးပြတ်တောက်ပြီး၊ ထင်းနှင့် မီးသွေးပါ စျေးကြီးနေမှုကြောင့် စစ်ရှောင်လာကြသည့် မိ သားစုများမှ ကလေးငယ်အချို့ ယခုအခါ ရေမျှောထင်းများ တစ်နိုင်တစ်ပိုင်ရှာဖွေကာ အသုံးပြုနေကြကြောင်း သိရသည်။

“အဓိကတော့ ရေမျှောထင်းရှာကြတာ။ အများစုကတော့ နေ့တိုင်းလိုလို ရှာကြတယ်။ ထင်း၊ မီးသွေးက စျေးကြီးတယ်။ လျှပ်စစ်မီးကလည်း မရတဲ့သူတွေရှိကြတယ်။ ပြီးတော့ ဒီဘက်ရာသီဥတုကအေးတော့ တစ်ညလုံး မီးလှုံကြတယ်။ အိမ်မွေးတိရစ္ဆန်တွေအတွက်ရော။ အဲ့တော့ ထင်းကလိုအပ်တယ်။ ကြက်ပေါင်ခြံ စစ်ရှောင်ရှိတွေတယ်။ ရမ်ပူရပ်ကွက်၊ အဲ့ကဒေသခံတွေသူတွေလည်း လာရှာကြတယ်။ စစ်ရှောင်တဲ့ကလေးတွေများတယ်။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ဆိပ်ဘေးတွင် စစ်ဘေးရှောင်ကလေးငယ်များ ရေမျှောထင်များရှာဖွေကာ မိသားစုစားဝတ်နေရေး အခက်အခဲများကို ဖြေရှင်နေရကြောင်း သိရသည်။

“ကျောင်းတက် ပညာသင်ယူရမယ့်ကလေးလေးက မိသားစုအတွက် တတ်နိုင်တဲ့ဘက်ကနေ မိဘတွေကိုကူညီပေးနေကြတာ။ အခြေခံပြည်သူတွေ ဘယ်လောက်တောင်များ စားဝတ်နေရေးခက်ခဲနေမလဲဆိုတာ တွေးသာကြည့်တော့။ တချို့ကလေးတွေလည်း ကျောင်းမနေရဘဲ မိဘတွေအတွက် ထင်းရှာတယ်၊ သဲ၊ ကျောက်တင်တယ်၊ ကျောက်တုံးဆိုဒ်စုံရှာ ပြန်ရောင်း၊ ရတဲ့ပိုက်ဆံလေးနဲ့ မိဘတွေကိုကူညီပေးနေကြတယ်။” ဟု ရေမျှောထင်းရှာဖွေနေသူများနှင့် နီးစပ်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီးလကုန်ပိုင်းက ကချင်ပြည်နယ်၊ မိုးမောက်၊ မန်စီ၊ ဆွမ်ပရာဘွန်မြို့နယ်တို့တွင် နစကတပ်နှင့် KIA, PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ဒေသခံလူဦးရေ ၁၀,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွါသူဦးရေ ၃ ဒသမ ၆ သန်းနီးပါးရှိပြီး၊ နလအတပ်နှင့် လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် ပြည်သူများအိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

#ယနေ့ခေတ်

video-မင်းမင်း(ကချင်ပြည်နယ်)

#ချစ်ချစ်ခိုင်

မြစ်ကြီးနားတွင် ထင်း၊ မီးသွေးများစျေးကြီး၍ စစ်ဘေးရှောင်ကလေးငယ်များ ရေမျှောထင်းရှာဖွေနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.