ယူကရိန်းပဋိပက္ခတွင် ရုရှားအဆင့်အမြင့်ဆုံးအရာရှိတစ်ဦး သေဆုံး  

မော်စကို၊ ဇူလိုင် ၃

ရုရှားရေတပ်၏ လက်ထောက်အကြီးအကဲသည် ရုရှားနိုင်ငံ Kursk ဒေသတွင် ယူကရိန်း၏သတ်ဖြတ်ခြင်းကိုခံခဲ့ရကြောင်း ရုရှားနိုင်ငံအရှေ့ဖျား Primorsky ဒေသ၏အုပ်ချုပ်ရေးမှူး Oleg Kozhemyako က ကြာသပတေးနေ့တွင် ပြောကြားသည်။

ယူကရိန်းတွင် တိုက်ခိုက်ခဲ့သည့်တပ်မဟာကို ဦးဆောင်ခဲ့သော ရုရှားရေတပ်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် မီခေးလ် ဂူဒကော့ဗ်သည် ယမန်နှစ်က ယူကရိန်းအား အောင်မြင်စွာကျုးကျော်မှုကို မြင်တွေ့ခဲ့ရပြီး ရုရှားနယ်စပ်ဒေသတွင် သေဆုံးခဲ့သည်။

၎င်းသည် လွန်ခဲ့သည့်သုံးနှစ်ခန့်က ယူကရိန်းအား လုံးလုံးလျားလျားကျူးကျော်မှု စတင်ချိန်မှစ၍ သေဆုံးခဲ့ရသည့် ရုရှား၏ထိပ်တန်းအရာရှိများထဲမှ တစ်ဦးဖြစ်သည်။

Kozhemyako သည် ဂူဒကော့ဗ်ကို သူ၏ရဲဘော်များနှင့်အတူ အရာရှိအဖြစ်တာဝန်ယူစဉ် သေဆုံးသွားသည့် စိတ်အားထက်သန်သောစစ်သည်အဖြစ် ဖော်ပြခဲ့သည်။ Kozhemyako သည် ဂူဒကော့ဗ်၏ သေဆုံးမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မဖော်ပြပါ။

ဂူဒကော့ဗ်သေဆုံးမှုအား ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင်အတည်ပြုခဲ့ပြီး Kursk ဒေသတွင် တိုက်ပွဲအတွင်းသေဆုံးခဲ့ကြောင်း ပြောကြားသည်။

ယူကရိန်းဘက်မှ ချက်ခြင်းမှတ်ချက်ပေးခြင်း မရှိသေးပါ။

သမ္မတ ဗလာဒီမာပူတင်က ကမ်းရိုးတန်းနှင့် မြေပြင်တပ်ဖွဲ့များအတွက် ရုရှားရေတပ်၏ လက်ထောက်အကြီးအကဲအဖြစ် ဂူဒကော့ဗ်ကို မတ်လတွင်ခန့်အပ်ခဲ့သည်။

ထိုအချိန်က “ မင်းရဲ့အတွေ့အကြုံကို တခြားယူနစ်တွေမှာ အသုံးချဖို့လိုအပ်တယ်လို့ ဝန်ကြီးနဲ့ စစ်ဦးစီးချုပ်က ယုံကြည်တဲ့အတွက်၊ မင်းရဲ့တာဝန်အဆင့်ကို တိုးမြှင့်ဖို့၊ မင်းကို ရာ ထူးတစ်ခုဆီ လွှဲပြောင်းဖို့ ငါဆုံးဖြတ်ခဲ့တယ်” ဟု ပူတင်ကပြောကြားသည်။

ရုရှားစစ်ပွဲအစောပိုင်းလများတွင် Bucha၊ Irpin နှင့် Gostomel မြို့များတွင် အရပ်သားများကို သတ်ဖြတ်ခြင်းအပါ အဝင် ဂူဒကော့ဗ်နှင့် ၎င်း၏တပ်မဟာ ၁၅၅ သည် ယူကရိန်းတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့ကြောင်း ယူကရိန်း စစ်တပ်က စွပ်စွဲခဲ့ဖူးသည်။

တပ်မဟာ ၁၅၅ သည် ယူကရိန်းစစ်သုံ့ပန်းများကို ကွပ်မျက်ရာတွင် ပါဝင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံနယ်ခြားစောင့်တပ်က သီးခြားစီပြောကြားခဲ့သည်။

ယူကရိန်းနှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးမှူးများ စုဆောင်းထားသည့် အထောက်အထားများရှိနေသော်လည်း ယူကရိန်းတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်ထားခြင်းမရှိကြောင်း ရုရှားက တသမတ်တည်းငြင်းဆိုထားသည်။

Ref: CNN

#ယနေ့ခေတ်

ယူကရိန်းပဋိပက္ခတွင် ရုရှားအဆင့်အမြင့်ဆုံးအရာရှိတစ်ဦး သေဆုံး   အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.