ရန်ကုန်မြို့တွင် ​လေးနှစ်ခန့်ကြာပိတ်ထား​သော မြို့​တော်ခန်းမ​ဘေးပတ်လည်လမ်းများ ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ သြဂုတ် ၆

ရန်ကုန်တိုင်း​ဒေသကြီး၊ ​ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်းကို သြဂုတ် ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်​ပေးလိုက်​ပြီးနောက် သြဂုတ် ၆ ရက်နေ့တွင် မြို့​တော်ခန်းမ​ဘေးပတ်လည်လမ်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မဟာဗန္ဓုလပန်းခြံလမ်း၊ ရန်ကုန်မြို့​တော်ခန်းမ​ဘေးပတ်လမ်းနှင့် ၃၄ လမ်း၊ ၃၅ လမ်းတို့အားလုံးကို သြဂုတ် ၆ ရက်၊ နံနက် ၁၀ နာရီတွင် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံဖွင့်လှစ်​ပေးလိုက်​ကြောင်း သိရသည်။

“​လေးနှစ်​လောက် ဖြတ်သန်းသွားလာခွင့် ပိတ်ထားခံရတဲ့လမ်း​လေး ပြန်ဖွင့်ပြီ​တော့ သွား​ရေးလာ​ရေးအဆင်​ပြေသွားပါပြီ။ မဟုတ်ရင် ဆူးလေ​မြို့​တော်ခန်းမတစ်ပတ် ပတ်​လျှောက်ရပါတယ်။ ဓာတ်ပုံဆိုင်သွားရင်​တောင် အ​နော်ရထာလမ်းက​နေပတ်ရတာ။ အခု ​မဟာဗန္ဓုလလမ်းအတိုင်းသွားလာလို့ရပြီ” ဟု ရန်ကုန်မြို့​နေသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မဟာဗန္ဓုလပန်းခြံလမ်းတွင် ရန်ကုန်တိုင်းတရားရုံးနှင့် ရန်ကုန်မြို့​တော်ခန်းမတို့တည်ရှိပြီး ယခင်က သက်ဆိုင်ရာတာဝန်ရှိသူများ၏ယာဉ်မှအပ အခြား​မော်​တော်ယာဉ်များ ဖြတ်သန်းသွားလာခွင့်မပြုဘဲ သံဆူးကြိုးများဖြင့် ကာရံတားမြစ်ထား​ကြောင်း သိရသည်။

အဆိုပါ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ချဉ်းကပ်လမ်းများအားလုံးကို လွယ်ကူစွာဖြတ်သန်းသွားလာနိုင်​ရေးအတွက် သံဆူးကြိုးအကာအရံများကို ဖြတ်သိမ်းလိုက်ပြီဖြစ်​ကြောင်း ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ယ​နေ့​ခေတ်သို့ ​ပြောသည်။

မြင့်မြတ်​အောင်မြင်

ဓာတ်ပုံ – မြင့်မြတ်​အောင်မြင်

ယနေ့ခေတ်

ရန်ကုန်မြို့တွင် ​လေးနှစ်ခန့်ကြာပိတ်ထား​သော မြို့​တော်ခန်းမ​ဘေးပတ်လည်လမ်းများ ပြန်လည်ဖွင့်လှစ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.