ရုရှား၏တိုက်ခိုက်မှုများကြောင့် မြိုတော်ကိဗ်တွင် တိုက်ခန်းတစ်ခုအားထိမှန်ပြီး လူရှစ်ဦးသေဆုံး

ကိဗ်၊ ဇူလိုင် ၃၁

ယူကရိန်းနိုင်ငံ၊ ကိဗ်ခရိုင်အများအပြားကို ရုရှားက ဒရုန်းများနှင့်ပစ်ခတ်ရာ တိုက်ခန်းတစ်ခန်းကို ဒုံးကျည်ထိမှန်ပြီး လူရှစ်ဦးသေဆုံးကာ၊ ၁၃၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ယူက ရိန်းအာဏာပိုင်များက ပြောသည်။

မြို့တော်တလွှား နေရာနှစ်ဒါဇင်ကျော် တိုက်ခိုက်ခံရမှုတွင် ခြောက်နှစ်အရွယ်ကလေးငယ်နှင့် ၎င်း၏မိခင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများတွင် ကလေးငယ် ၁၂ ဦး ပါဝင်ခဲ့ကြောင်း၊ စစ်ပွဲစတင်ကတည်းက တစ်ညတာအတွင်း ကလေးငယ်များဒဏ်ရာရမှု အများဆုံးဖြစ်ကြောင်း ကိဗ်မြို့တော်ဝန် Vitali Klitschko က ပြောကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် သြဂုတ် ၈ ရက်မတိုင်မီ အပစ်အခတ်ရပ်စဲရေးကို သဘောတူခြင်းမရှိပါက မော်စကိုအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများချ မှတ်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ခဲ့သော်လည်း ရုရှား၏တိုက်ခိုက်မှုများသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

ရုရုား၏ဒုံးကျည်ပစ်ခတ်သံကြောင့် မြို့ပေါ်တွင် ကျယ်လောင်သောဆူညံသံကို နာရီပေါင်းများစွာကြားနေရသည်။ ရုရှားသည် ညအချိန်အတွင်း ဒရုန်း ၃၀၉ စင်းနှင့် ခရုဇ်ဒုံးကျည် ၈ စင်းတို့ကိုပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းလေတပ်မှ ပြောကြားသည်။

လေကြောင်းရန်ကာကွယ်ရေးက ဒုံးကျည်တော်တော်များများကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အရာရှိများကပြောကြားသော်လည်း ခရုဇ်ဒုံးကျည်များအပါအဝင် ပစ်ခတ်မှုအများအပြားရှိခဲ့ကြောင်း ဆိုသည်။

ထရမ့်က အပစ်အခတ်ရပ်စဲရေးကို နောက်ဆုံးရက်သတ်မှတ်ပြီးနောက်ပိုင်း ရုရှား၏အကြီးမားဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်သည်။ အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုပိုများလာမည့် ခြိမ်းခြောက်မှုသည် ရုရှသမ္မတအား လမ်းကြောင်းပြောင်းရန် ဆွဲဆောင်မှုအနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပုံရသည်။

ထိုအတောအတွင်း ရုရှားသည် Donetsk ဒေသအရှေ့ပိုင်းရှိ ဗျူဟာမြောက်အရေးကြီးသော တောင်ထိပ်မြို့ဖြစ်သည့် Chasiv Yar ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်မြေပြင်တွင် ထပ်မံအောင်မြင်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း ယူကရိန်းသည် ကျဆင်းသွားခြင်းမရှိဟု ငြင်းဆိုထားပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု စစ်ရေးလေ့လာသူများက ပြောကြားသည်။

Credit: BBC

#ယနေ့ခေတ်

ရုရှား၏တိုက်ခိုက်မှုများကြောင့် မြိုတော်ကိဗ်တွင် တိုက်ခန်းတစ်ခုအားထိမှန်ပြီး လူရှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.