လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လိုင်ဇာစစ်ရှောင်စခန်းရှိ ကလးငယ်များအပါအဝင် ပြည်သူ ၃၀ ခန့် သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိရာ လိုင်ဇာသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့၍ မုန်လိုင်ခတ် စစ်ရှောင်စခန်းမှ ကလေးငယ်များအပါအဝင် ပြည်သူ ၃၀ ခန့် သေ ဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အောက်တိုဘာ ၉ ရက်၊ ည ၁၂ နာရီကျော်တွင် လိုင်ဇာရှိ အရပ်သားပြည်သူများနှင့် စစ်ရှောင်စခန်းများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး နေအိမ် ၅၀ ကျော်ထိခိုက်ပျက် စီးကာ ကလေးငယ် ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

“ညက လိုင်ဇာနား မုန်လိုင်ခက် စစ်ရှောင်စခန်းပေါ်ဗုံးကျတယ်၊ ကလေးတွေလည်း ထိတယ်ကြားတယ်။” ဟု ဒေသခံတစ်ဦးက သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားထား သည်။

အဆိုပါပေါက်ကွဲမှုကြောင့် နို့စို့အရွယ်ကလေးငယ်လေးများအပါအဝင် သေဆုံးသူ ၂၉ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၆ ဦးရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၅၆ ဦးအနက် ၄၄ ဦးအား အရေးပေါ် ဆေးကုသနေရကြောင်း ယနေ့ နံနက် ၈ နာရီကျော်တွင် KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက Myanmar Now သတင်းဌာနအား ဖြေကြားထား​သည်။

သေဆုံးသူများထဲတွင် စစ်ဘေးရှောင်ကလေးငယ်များနှင့် အမျိုးသမီးများစွာ ပါဝင်ကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ‌၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင်လည်း ဖားကန့်မြို့နယ်၊ အနန့်ပါအား ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ၍ သေဆုံးသူ ၆၂ ဦးရှိခဲ့ကြောင်း သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – Kachin land

#ယနေ့ခေတ်

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လိုင်ဇာစစ်ရှောင်စခန်းရှိ ကလးငယ်များအပါအဝင် ပြည်သူ ၃၀ ခန့် သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.