အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“ဒီနေ့ နေ့လည်လောက်က လက်ကြီးကျည်ကျပြီးပေါက်ကွဲတာ။ ဆိုင်းတောင်က ကားဝပ်ရှော့ထဲကျတာ။ ကားကတော့မထိဘူး အမျိုးသားနှစ်ဦးတော့ ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ အခြေအနေမကောင်းဘူး။ စိုးရိမ်ရတယ်။ တစ်ယောက်ကတော့ တော်သေးတယ်ပြောရမယ်။ ဒီရက်ထဲ ပစ်တဲ့ခတ်တဲ့အသံတွေတော့ ကြားရတယ်။ လေကြောင်းတို့ လက် နက်ကြီးတို့ကတော့ အလာကျဲသွားပြီ။ ပြီးခဲ့တဲ့လတွေကဆို တော်တော်ဆိုးတာ။”
“လက်နက်ကြီးကျတော့ နေအိမ်ကမီးလောင်တယ်။ နေအိမ်ထဲကအမျိုးသမီးတစ်ဦးတော့ မီးလောင်ဒဏ်ရာတွေနဲ့ တစ်စစီဖြစ်ပြီးသေတာလို သိရတယ်။ နောက်ထပ်ဒဏ်ရာရတဲ့ငါးယောက်မှာ နှစ်ယောက်က ဆုံးပြီးလို့သိရတယ်။ ဒီတစ်ခါသေတာ အမျိုးတွေများတယ်ပြောရမယ်။ နေအိမ်လည်း မီးလောင်ပျက်စီးလို့ ကုန်ပြီ။ ဘာမှရစရာမရှိတော့ဘူး။ မီးလောင်တာကို ဒေသခံတွေနဲ့ ကူညီတဲ့အသင်းကနေ ဝိုင်းငြိမ်းကြတယ်။ လက်နက်ကြီးကျရင်တော့ လွတ်ဖို့က မလွယ်ဘူး။ ရင်တမမနဲ့နေရတာပေါ့။”