ကိုလံဘို၊ ဇွန် ၁၇
သီရိလင်္ကာသမ္မတဟောင်း မဟင်ဒါ ရာဂျာပက်ဆာ၏သားကို ဇွန်လ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အဂတိလိုက်စားမှုစွဲချက်များဖြင့် ဖမ်းဆီးခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားခဲ့ပြီး တစ်ချိန်က အာဏာအရှိဆုံးနိုင်ငံရေးအုပ်စုကို ပစ်မှတ်ထားသည့် နောက်ဆုံးအမှုဖြစ်သည်။
အသက် ၃၈ နှစ်အရွယ် ယိုရှီသာ ရာဂျာပက်ဆာသည် ရေတပ်အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ပြည်ပလေ့ကျင့်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေများကို အသုံးချခဲ့သည်ဟု စွပ်စွဲခံထားရသည်။
လိုအပ်သောအရည်အချင်းမရှိဘဲ ရာထူးတိုးမြှင့်ခံရပြီး အစိုးရရန်ပုံငွေဖြင့် အရာရှိသင်တန်းတက်ရန် ဗြိတိန်သို့သွားရောက်ခဲ့မှုအတွက် စုံစမ်းစစ်ဆေးခံနေရကြောင်း လာဘ်ပေးလာဘ်ယူမှုကော်မရှင်က ပြောကြားသည်။
သူသည် ငွေကြေးခဝါချမှုအမှုနှစ်ခုတွင် စွပ်စွဲခံထားရဖြစ်ပြီး ပြည်ပခရီးသွားလာခွင့် ပိတ်ပင်ခံထားရကာ ထိန်းသိမ်းခံရပြီးနောက် အာမခံဖြင့်လွတ်မြောက်နေခဲ့သည်။
“အနည်းဆုံးအရည်အချင်းမရှိဘဲ ၎င်း၏စုဆောင်းမှုနှင့်ဆက်စပ်၍ အကူအညီပေးခြင်းနှင့် အားပေးကူညီခြင်းစွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြည်ပလေ့ကျင့်ရေးအ တွက် နိုင်ငံတော်ရန်ပုံငွေများကို အသုံးပြုခဲ့သည်” ဟု ကော်မရှင်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။
ယိုရှီသာ ရာဂျာပက်ဆာသည် ဗြိတိန်ရေတပ်ကောလိပ် ဒါ့တ်မောက်တွင် ဂုဏ်သတင်းကြီးသောသင်တန်းတစ်ခု တက်ရောက်ခဲ့သည်။
၎င်း၏အဖေ မဟင်ဒါ ရာဂျာပက်ဆာသည် ထိုစဉ်က ရာထူးတာဝန်ယူထားသည်။ ဝေဖန်သူများက ဒါ့တ်မောက်တွင် သူတက်ရောက်ခဲ့ပြီးနောက် အရည်အချင်းနဲ့ ထိုက်တန်သည်ဟုဆိုကာ ရေတပ်ဗိုလ်လောင်းနေရာကို မတရားယူလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။
သမ္မတ အနူရာ ကုမာရာ ဒစ်ဆာနာယာကီက ၂၀၂၄ ရွေးကောက်ပွဲတွင် အဂတိလိုက်စားမှုကို နှိမ်နင်းမည်ဟု ကတိပေးခဲ့သည့်မူဝါဒနှင့် ရာဂျာပက်ဆာမိသားစုအပေါ် တရားစွဲဆိုမှုများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ရာဂျာပက်ဆာ မိသားစုဝင်များနှင့်ရင်းနှီးသည့် အပေါင်းအပါများသည် အဂတိလိုက်စားမှုနှင့် လူသတ်မှုအပါအဝင် နှစ်ပေါင်းများစွာ ပြစ်မှုအမျိုးမျိုးနှင့် တရားစွဲဆိုခံခဲ့ရပြီး အမှုအားလုံးကို တရားရုံးတွင် ဆိုင်းငံ့ထားဆဲဖြစ်သည်။
ယိုရှီသာ ရာဂျာပက်ဆာသည် ၎င်း၏အဖေ ၂၀၀၅ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အာဏာရခဲ့စဉ်က အိမ်ဝယ်ရန်အသုံးပြုခဲ့သည့် ဝင်ငွေရင်းမြစ်များကိုရှင်းပြရန် ပျက်ကွက်ပြီးနောက် ရာဇဝတ်မှုနှင့်လည်း ရင်ဆိုင်နေရသည်။
၎င်းက သူ့အဖွား မည်သို့ရရှိခဲ့သည်ဆိုသည်ကို မမှတ်မိတော့သည့် ကျောက်မျက်ရတနာများကိုရောင်းချပြီး သူ့ရဲ့အဖွားက သူ့အားပေးအပ်ခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများကို ပြော သည်။ ရုပ်မြင်သံကြားကွန်ရက်တစ်ခု ဝယ်ယူမှုနှင့်ပတ်သက်သည့် နောက်ထပ်အမှုတစ်ခုကိုလည်း ရင်ဆိုင်နေရသည်။
မဟင်ဒါ ရာဇပက္ဆာ၏ ညီငယ် ဂိုတာဘာယာသည် ၂၀၁၉ ခုနှစ်တွင် သမ္မတဖြစ်လာခဲ့သည်။ စီးပွားရေးအကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသည့် လူထုအုံကြွမှုတစ်ခုအပြီး ၂၀၂၂ ခုနှစ်တွင် ရာထူးမှ အတင်းအကျပ်ထုတ်ပယ်ခံခဲ့ရသည်။
ဂိုတာဘာယာ ရာဇပက္ဆာသည် ယခုလအစောပိုင်းတွင် နိုင်ငံခြားခရီးသွားလာခွင့် ပိတ်ပင်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ် အီစတာ တနင်္ဂနွေနေ့တွင် လူ ၂၇၉ ဦး သေဆုံးခဲ့သည့် ဗုံးခွဲမှုများနှင့်ပတ်သက်ပြီး ၎င်းအားဖမ်းဆီးနိုင်ခြေကို တားဆီးပေးရန် တရားရုံးကို တောင်းဆိုခဲ့သည်။
Ref: channelnewsasia.com
ယနေ့ခေတ်
သီရိလင်္ကာခေါင်းဆောင်ဟောင်း၏သားကို အဂတိလိုက်စားမှုဖြင့် ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်