သောကြာနေ့တွင် သမ္မတရွေးချယ်မည်

ရန်ကုန်၊ ဧပြီ ၂

ဧပြီ ၃ ရက်၊ သောကြာနေ့တွင် သမ္မတရွေးချယ်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေက ပြောကြားသည်။ ယခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတရာထူးအတွက် ပြည်သူ့လွှတ်တော်က အမည်စာရင်းတင်သွင်းထားသည်။

၂၀၂၁ ခုနှစ်တွင် မဲအငြင်းပွားမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သော အသက် ၆၉ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီးသည် ၁၅ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် တနင်္လာနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

လွှတ်တော်နှစ်ရပ်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ဒုတိယသမ္မတသုံးဦးကို ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုရွေးချယ်ခဲ့ပြီး၊ အမျိုးသားလွှတ်တော်က နန်းနီနီအေးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကော်မရှင်အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးညိုစောကို ရွေးချယ်ခဲ့သည်။

“သက်ဆိုင်ရာအစုအအဖွဲ့များက ရွေးချယ်ထားသော ဒုတိယသမ္မတသုံးဦးသည် လိုအပ်သောအရည်အချင်းများနှင့် ကိုက်ညီပါသည်” ဟု ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ဦးအောင်လင်းဒွေးက ပြောကြားသည်။

လွှတ်တော်နှစ်ရပ်လုံးပါဝင်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ဧပြီ ၃ ရက်၊ သောကြာနေ့ နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါလွှတ်တော်တွင် ဒုတိယသမ္မတသုံးဦးထဲမှ သမ္မတတစ်ဦးကို မဲပေးရွေးချယ်မည်ဖြစ်သည်။

ယနေ့ခေတ်
ဓာတ်ပုံ – မတ်လ ၂၀ ရက်ကကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး

သောကြာနေ့တွင် သမ္မတရွေးချယ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.