သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေဟု မိုး/ဇလမှထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၁

မွန်ပြည်နယ်တွင် သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေတို့သည့် စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနေပြီး၊ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။

ဇူလိုင် ၁၁ ရက်၊ နေ့လည် ၁၂ နာရီ၊ ၃၀ မိနစ်တွင် မိုး/ဇလ၏တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ၇၄၆ စင်တီမီတာသို့ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။

အလားတူ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာကို ၁၀၁၄ စင်တီမီတာသို့ ရောက်ရှိလာပြီး၊ နောက်တစ်ရက်အတွင်း ၁ ပေခန့်မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေအမှတ်တွင် ဆက်လက်တည်ရှိနေနိုင်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

ယနေ့နံနက် ၉ နာရီကျော်က မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်တွင် ဘီးလင်းမြစ်ရေများ မြင့်တက်လာခြင်းကြောင့် မြေနိမ့်ပိုင်းရှိနေအိမ်များ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ထိုအပြင် ဇူလိုင် ၁၀ ရက်၊ ည ၇ နာရီကလည်း သံဖြူဇရပ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းတိုက်ခြင်းကြောင့် နေအိမ်အလုံး ၅၀ နီးပါးပြိုကျခြင်း၊ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်းကြောင်း မိုး/ဇလမှ ယနေ့ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-(ဘီးလင်းမြို့နှင့် သံဖြူဇရပ်မြို့ရှိ နေအိမ်များရွှေ့ပြောင်းနေရ)
ယနေ့ခေတ်

သံလွင်မြစ်ရေနှင့် ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ကို ကျော်လွန်နေဟု မိုး/ဇလမှထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.