အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်အရ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည် နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်းကြောင်း မိုး/ဇလမှ ယနေ့ညနေ ၄ နာရီက ထုတ်ပြန်ထားသည်။
“အခုကတော့ အိမ်တွေထဲရေတွေစဝင်နေပြီ။ မိုးက တစ်ရက်မှမတိတ်ဘူး။ တောက်လျှောက်ရွာတာ။ ဒီတိုင်းဆက်ရွာနေရင် မလွယ်ဘူး။ အခုတောင် ဘေးလွတ်ရာကိုစရွှေ့နေရပြီ။ စစ်ဘေးရှောင်လိုက် ရေဘေးရှောင်လိုက်နဲ့ ဘဝက မအေးချမ်းနိုင်ဘူး။”