ဟုမ္မလင်းမြို့တွင် စက်သုံးဆီသိုလှောင်ထားသည့် သင်္ဘောသုံးစီး မီးလောင်ကျွမ်း

ရန်ကုန်၊ မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ သံပုံဆိပ်ကမ်းတွင် စက်သုံးဆီသိုလှောင်ထားသည့် သင်္ဘောသုံးစီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မတ်လ ၂၉ ရက်၊ နေ့လည် ၁ နာရီကျော်က ဟုမ္မလင်းမြို့၊ ခိုပဲဝရပ်ကွက်၊ သံပုံဆိပ်ကမ်းတွင် ဆီပေပါ ဆီလှယ်ရာမှတဆင့် မီးလောင်ကျွမ်းခဲ့သည်ဟု သိရပြီး၊ ဒဏ်ရာရရှိသူအချို့လည်းရှိကြောင်း ကနဦးသိရသည်။

“မီးလောင်တာကတော့ သေချာမသိရသေးပါဘူး။ ဆီပေပါကနေ ဆီလှယ်နေတုန်းလို့တော့ထင်တာပဲ။ ပထမ စလောင်တာတော့ သင်္ဘောတစ်စီးပဲ ပြီးမှကျန်တဲ့နှစ်စီးကို ကူးတာ။ သင်္ဘောပိုင်ရှင်ကိုလည်း မတွေရသေးဘူး။ မီးဘယ်ကစလောင်တာနဲ့ ဆီပေပါဘယ်လောက်ပါတယ်ဆိုတာကို သေချာမသိရသေးပါဘူး။ ကြေးနန်းလည်းရိုက်မရသေးဘူး။ ဒဏ်ရာရတဲ့သူအချို့လည်းရှိပါတယ်။ သေချာမသိရသေးလို့ပါ။ မီးကတော့ငြိမ်းပြီးပါပြီ။ ဆုံးရှုံးမှုတွေလည်း သေချာပြောလို့မရသေးပါဘူး။” ဟု နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို ပြောသည်။

မီးလောင်မှုသည် နေ့လည် ၁ နာရီ၊ မိနစ် ၃၀ တွင် စတင်လောင်ကျွမ်းခဲပြီး၊ နေ့လည် ၁၂ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့များက ဝိုင်းဝန်းကူညီငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-MFSD
ယနေ့ခေတ်

ဟုမ္မလင်းမြို့တွင် စက်သုံးဆီသိုလှောင်ထားသည့် သင်္ဘောသုံးစီး မီးလောင်ကျွမ်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.