အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
“မီးလောင်နေတာတော့ဟုတ်တယ်။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သွားလို့လာလို့ကလည်းမရ။ ကပ်လို့ကလည်းမရ။ မြစ်လယ်မှာဆိုတော့ သွားလာဖို့၊ မီးငြိမ်းဖို့လည်းမရ။ သွားဖို့လာဖို့ကလည်း ဘယ်သူမှမလိုက်ရဲကြဘူး။” ဟု ဟုမ္မလင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝင်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“မီးလောင်တာကတော့ သေချာမသိရသေးပါဘူး။ ဆီပေပါကနေ ဆီလှယ်နေတုန်းလို့တော့ထင်တာပဲ။ ပထမ စလောင်တာတော့ သင်္ဘောတစ်စီးပဲ ပြီးမှကျန်တဲ့နှစ်စီးကို ကူးတာ။ သင်္ဘောပိုင်ရှင်ကိုလည်း မတွေရသေးဘူး။ မီးဘယ်ကစလောင်တာနဲ့ ဆီပေပါဘယ်လောက်ပါတယ်ဆိုတာကို သေချာမသိရသေးပါဘူး။ ကြေးနန်းလည်းရိုက်မရသေးဘူး။ ဒဏ်ရာရတဲ့သူအချို့လည်းရှိပါတယ်။ သေချာမသိရသေးလို့ပါ။ မီးကတော့ငြိမ်းပြီးပါပြီ။ ဆုံးရှုံးမှုတွေလည်း သေချာပြောလို့မရသေးပါဘူး။”