ဟုမ္မလင်းမြို့တွင် ဆီသင်္ဘော ၁၀ စီးကျော်မီးလောင် မီးငြိမ်းသတ်ရန် အခက်အခဲဖြစ်ပေါ်နေ ဟုဆို

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့တွင် ဆီသင်္ဘော ၁၀ စီးကျော် မီးလောင်ကျွမ်းနေပြီ မီးငြိမ်သတ်ရန် အခက်အခဲဖြစ်ပေါ် နေကြောင်း သိရသည်။

ဧပြီလ ၄ ရက်၊ ညနေ ၆ နာရီကျော်က ဟုမ္မလင်းမြို့၊ နောင်ပကျစ်မြစ်လယ်တွင် စက်သုံးဆီများတင်ဆောင်ထားသည့် သင်္ဘော ၁၀ စီးကျော် မီးလောင်ကျွမ်းနေပြီး မီးငြိမ်းသတ်ရန် အခက်အခဲဖြစ်နေကြောင်း ကနဦးသိရသည်။

“မီးလောင်နေတာတော့ဟုတ်တယ်။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သွားလို့လာလို့ကလည်းမရ။ ကပ်လို့ကလည်းမရ။ မြစ်လယ်မှာဆိုတော့ သွားလာဖို့၊ မီးငြိမ်းဖို့လည်းမရ။ သွားဖို့လာဖို့ကလည်း ဘယ်သူမှမလိုက်ရဲကြဘူး။” ဟု ဟုမ္မလင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝင်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

အဆိုပါမီးလောင်မှုသည် ညနေ ၆ နာရီကျော်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ည ၉ နာရီအချိန်အထိ မီးငြိမ်းသတ်ရန် အခက်အခဲဖြစ်ပေါ်နေသေးကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-ဦးဇောဟုမ္မလင်း
ယနေ့ခေတ်

ဟုမ္မလင်းမြို့တွင် ဆီသင်္ဘော ၁၀ စီးကျော်မီးလောင် မီးငြိမ်းသတ်ရန် အခက်အခဲဖြစ်ပေါ်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.