အင်ဒိုနီးရှားရထားတိုက်မှု သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာ

ဂျကာတာ၊ ဧပြီ ၂၈

အင်ဒိုနီးရှားမြို့တော် ဂျကာတာအနီးတွင် ယမန်နေ့ညက ရထားတိုက်မှုမှ သေဆုံးသူဦးရေသည် ၁၄ ဦးအထိ မြင့်တက်လာပြီး နောက်ထပ် ၈၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးရထားလုပ် ငန်းက အင်္ဂါနေ့တွင် ပြောကြားသည်။ ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများထဲတွင် ပိတ်မိနေဆဲဖြစ်သော အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန် လုပ်ဆောင်နေကြသည်။

ဂျကာတာမြို့ပြင်ရှိ ဘီကာစီတွင် တနင်္လာနေ့နှောင်းပိုင်းက ခရီးသည်တင်ရထားနှင့် အဝေးပြေးရထားတို့ တိုက်မိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံပိုင်ရထားကုမ္ပဏီ PT KAI ၏ အမှုဆောင်အရာရှိချုပ် ဘော်ဘီ ရက်စ်ရီဒီက သေဆုံးသူဦးရေသည် ၁၄ ဦးအထိ မြင့်တက်လာပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီ၏ အကြီးအကဲ Mohammad Syafii က အင်္ဂါနေ့အစောပိုင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပျက်စီးနေသော ရထားတွဲများမှ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန်မှာ သိမ်မွေ့သောလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

“ ကျွန်ုပ်တို့သည် တိုင်းတာထားသော ကယ်ဆယ်မှုကို လုပ်ဆောင်ရန် အရည်အချင်းရှိသော ဝန်ထမ်းများပါဝင်ရန် လိုအပ်ပါသည်” ဟု ၎င်းက ပြောကြားသည်။ “ ဒီအချိန်အထိ အ သက်ရှင်ကျန်ရစ်သူတွေထဲက တချို့ရှိပြီး သူတို့ကို ကယ်ထုတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါပေမယ့် ရထားရဲ့အစိတ်အပိုင်းတွေကြောင့် သူတို့ပိတ်မိနေတုန်းပါပဲ။” ဟု ဆိုသည်။

ကယ်ဆယ်ရေးသမားများက ရထားတွဲတွေကို ဖြုတ်လိုက်ကြပြီဟု ရိုက်တာသတင်းထောက်တစ်ဦးက ပြောသည်။ “ရထားတွဲတွေရဲ့ သတ္တုတွေကိုဖြတ်ပြီး အသက်ရှင်ကျန်ရစ်သူတွေဆီရောက်အောင် စက်ကရိယာတွေကို အသုံးပြုနေတာကို မြင်တွေ့ခဲ့ရပါတယ်။” ဟု ဆိုသည်။

ခရီးသည်တင်ရထားသည် ရထားလမ်းပေါ်တွင် ပထမဆုံး တက္ကစီတစ်စီးနှင့်တိုက်မိခဲ့ပြီး အဝေးပြေးရထားနှင့် ထပ်မံတိုက်မိခဲ့သည်ဟု ဘော်ဘီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

တက္ကစီအော်ပရေတာ Green SM Indonesia က မတော်တဆမှုတွင်ပါဝင်ခဲ့သည့် တက္ကစီသည် ၎င်းတို့ယာဉ်အုပ်စုထဲကဖြစ်ကြောင်း Instagram မှာ ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုတွင် ကူညီသည့်အနေဖြင့် သတင်းအချက်အလက်များကို အာဏာပိုင်များထံ ပေးပို့ထားသည်ဟု ဆိုသည်။

ဘီကာစီရှိ ဆေးရုံတစ်ရုံကို သွားရောက်လည်ပတ်ပြီးနောက် သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းရေး ရထားလမ်းအနီး ခုံးကျော်တံတားတစ်ခုတည် ဆောက်ရန် သဘောတူညီခဲ့ပြီး အာဏာပိုင်များက ယာဉ်တိုက်မှုကို စုံစမ်းစစ်ဆေးမည်ဟု ဖြည့်စွက်ပြောကြားသည်။ ရထားကွန်ရက်၏ အစိတ်အပိုင်းအများစုကို ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်းမရှိဘူးဟု ၎င်းက ပြောသည်။

Ref: bangkokpost.com
ယနေ့ခေတ်

အင်ဒိုနီးရှားရထားတိုက်မှု သေဆုံးသူ ၁၄ ဦးအထိ မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.