အလက်စကားတွင်ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသည် ပူတင်၏အောင်ပွဲတစ်ခုသာဖြစ်မည်ဟု ဇီလင်စကီး ဆို

ကိဗ်၊ ဩဂုတ် ၁၃

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အမေရိကန်မြေတွင် တွေ့ဆုံဆွေးနွေးခြင်းသည် မော်စကိုအပေါ် အရေးယူပိတ်ဆို့မှုများကို ထပ်မံနှောင့်နှေးစေခြင်းမှလွဲ၍ အခြားမျှော်လင့်နိုင်စရာမရှိကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလင်စကီးက အင်္ဂါနေ့တွင် ပြောကြားသည်။

စစ်ပွဲအဆုံးသတ်ရန် ပိုင်နက်နယ်မြေအလဲအလှယ်လုပ် ညှိနှိုင်းရန် ထရမ့်နှင့် ပူတင်တို့က အကြံပြုခဲ့ပြီးနောက် ဇီလင်စကီးက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘာ့စ်ဒေသမှတပ်ဖွဲ့ဝင်များ ရုပ်သိမ်းခြင်းကို ပယ်ချခဲ့သည်။

သောကြာနေ့တွင် အလက်စကား၌ကျင်းပရန်စီစဉ်ထားသော အဆိုပါထိပ်သီးဆွေးနွေးပွဲသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်သမ္မတနှင့် ရုရှားသမ္မတကြား ပထမဆုံးတွေ့ဆုံမှုဖြစ်ပြီး၊ ယူကရိန်းနိုင်ငံအား ရုရှား၏ကျူးကျော်ဝင်ရောက်မှု သုံးနှစ်ခွဲနီးပါးကာလကို အဆုံးသတ်ရန် ထရမ့်၏ကြိုးပမ်းမှုတစ်စိတ်တစ်ဒေသဖြစ်သည်။

ရုရှားသည် သဘောထားတင်းမာသော တောင်းဆိုမှုများအား ရှေ့တန်းတင်မည်ကို စိုးရိမ်ကြောင်းနှင့် ထရမ့်သည် ယူကရိန်းပိုင်နက်နယ်မြေများကို လွှဲပြောင်းပေးမည့် သဘောတူညီချက်ရယူမည်ကို စိုးရိမ်ကြောင်း ထိပ်သီးအစည်းအဝေးတွင် ပါဝင်နိုင်ခွင့်မရှိသော ဇီလင်စကီးက ပြောကြားသည်။

“ ဒွန်ဘာ့စ်ကနေ ငါတို့ဆုတ်ခွာမှာမဟုတ်ဘူး။ ငါတို့ဟာ ဒွန်ဘာ့စ်ကနေ ဒီနေ့ဆုတ်ခွာလိုက်မယ်ဆိုရင် ငါတို့ခံတပ်တွေ၊ မြေပြင်အနေအထား၊ ငါတို့ထိန်းချုပ်ထားတဲ့ ကုန်းမြေတွေကို ရုရှားတွေထိုးစစ်ဆင်ဖို့အတွက် တံတားထိပ်ကို ဖွင့်ပေးလိုက်သလိုဖြစ်သွားမှာပါ” ဟု ဇီလင်စကီးက သတင်းထောက်များအား ပြောကြားသည်။

ဒွန်ဘာ့စ်ကို ယူကရိန်းအရှေ့ပိုင်းဒေသများဖြစ်သည့် လူဂါနက်စ်နှင့် ဒွန်နက်တို့ကဝန်းရံထားပြီး နှစ်ခုစလုံးကို ရုရှားကပိုင်ဆိုင်သည်ဟုဆိုကာ ၂၀၂၂ ခုနှစ် ကျူးကျော်မှုစတင်က တည်းက ၎င်းတို့ကထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်။

ထိပ်သီးဆွေးနွေးပွဲသည် ရုရှားနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်များကို ရွှေ့ဆိုင်းနိုင်မည်ဖြစ်ကြောင်း ဇီလင်စကီးက ပြောကြားခဲ့ပြီး၊ သမ္မတပူတင်က စစ်ပွဲရပ်တန့်ရန်ငြင်းဆိုပါက ပိတ်ဆို့အရေးယူမှုများကို ပြုလုပ်မည်ဟု သမ္မတထရမ့်က ကတိပြုထားသည်။

အသေးစိတ်မဖော်ပြထားသည့် အပစ်အခတ်ရပ်စဲရေးကို ရုရှားကသဘောတူနိုင်သည်ဟု အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ်ထံမှ “ အချက်ပြမှု” ကို လက်ခံရရှိထားကြောင်း ဇီလင်စကီးက ပြောကြားသည်။

“ ဒါက သူတို့ဆီက ပထမဆုံးအချက်ပြတာပဲ” ဟု ဇီလင်စကီးက ပြောသည်။

Credit: bangkokpost.com

#ယနေ့ခေတ်

အလက်စကားတွင်ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲသည် ပူတင်၏အောင်ပွဲတစ်ခုသာဖြစ်မည်ဟု ဇီလင်စကီး ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.