အိန္ဒိယနိုင်ငံတွင် အပူချိန်လွန်ကဲခြင်းကြောင့် ၁၆ ဦးသေဆုံး

နယူးဒေလီ၊ မေ ၂၄

အိန္ဒိယတောင်ပိုင်းတွင် ယခုနှစ်နွေရာသီအထိ အပူဒဏ်ကြောင့် အနည်းဆုံး လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မေလ ၂၄ ရက်၊ တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ပြီး တရားဝင်ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝှမ်းတွင် အပူလှိုင်းပျံ့နှံ့နေသည်။

အိန္ဒိယသည် ပူပြင်းသောနွေရာသီများနှင့် မစိမ်းသော်လည်း နှစ်ပေါင်းများစွာ သိပ္ပံနည်းကျသုတေသနပြုချက်အရ ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းများသည် ပိုမိုကြာရှည်၊ မကြာခဏနှင့် ပိုမိုပြင်းထန်လာကြောင်း တွေ့ရှိခဲ့သည်။

လူဦးရေ ၁.၄ ဘီလီယံရှိသော တောင်အာရှနိုင်ငံတစ်ဝှမ်းရှိ မြို့အတော်များများတွင် အပူချိန်များသည် မကြာသေးမီက ၄၅ ဒီဂရီစင်တီဂရိတ်အထက်တွင်ရှိနေခဲ့သည်။

တောင်ပိုင်းပြည်နယ် တယ်လန်ဂါနာတွင် သေဆုံးမှုသတင်းများထွက်ပေါ်ခဲ့ပြီး အခွန်ဝန်ကြီး ပွန်ဂူလီတီ ဆရီနီဗာဆာ ရက်ဒီက ပြည်သူ့ကျန်းမာရေးကိုကာကွယ်ရန် “ ပြည်နယ်တစ်ဝှမ်း သတိရှိရန်” တောင်းဆိုခဲ့သည်။

“ အပူဒဏ်၏ပြင်းထန်မှုသည် မကြုံစဖူးအဆင့်သို့ ရောက်ရှိနေပြီ” ဟု တယ်လန်ဂါနာရှိ အရာရှိများသည် အပူလှိုင်းများအတွင်း ဆောင်ရန်၊ ရှောင်ရန် ကြိုတင်သတိပေးချက်များ ထုတ်ပြန်သင့်ကြောင်း ရက်ဒီ၏ရုံးက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ကျန်းမာရေးပညာရှင်များက အပူလွန်ကဲခြင်းကြောင့် ရေဓာတ်ခန်းခြောက်စေပြီး သွေးကိုပျစ်စေကာ အထူးသဖြင့် ပြင်းထန်သောအခြေအနေများတွင် ကိုယ်တွင်းအင်္ဂါများ ပိတ်သွားစေနိုင်ကြောင်း ပြောကြားသည်။

တယ်လန်ဂါနာရှိ ဒေသန္တရအစိုးရသည် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မလိုအပ်ဘဲ နေ့ခင်းဘက်တွင် အပြင်မထွက်ရန် အကြံပြုထားသည်။

ယခုအပတ်အစောပိုင်းတွင် အိန္ဒိယမိုးလေဝသဌာနက နိုင်ငံ၏ဒေသအတော်များများတွင် ပုံမှန်ထက်ကျော်လွန်သော အပူချိန်များနှင့် ပြင်းထန်သောအပူလှိုင်းအခြေအနေများကို ခန့်မှန်းခဲ့သည်။

မြို့တော်နယူးဒေလီနှင့် အနီးနားရှိ အခြားမြို့များတွင် အပူချိန်များသည် ယခုအပတ်တစ်လျှောက်လုံး ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခဲ့ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု စံချိန်တင်မြင့်မားခဲ့သည်။

နေ့လယ်ခင်းတွင် လောင်ကျွမ်းနေသော အပူဒဏ်အပြင် ညဘက်အနိမ့်ဆုံးအပူချိန်များလည်း မြင့်မားနေသောကြောင့် လူများအချိန်အနည်းငယ်သာ အနားယူရသည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သော အိန္ဒိယသည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု တတိယအများဆုံးနိုင်ငံဖြစ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် ကျောက်မီးသွေးကို မီးရှို့ခြင်းအပေါ် များစွာမှီခိုနေရသည်။

နိုင်ငံ၏ အမြင့်ဆုံးတရားဝင်မှတ်တမ်းတင်ထားသော အပူချိန်မှာ ၂၀၁၆ ခုနှစ်တွင် ရာဇဌာန်ပြည်နယ်၊ ဖလိုဒီတွင် ၅၁ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။

Ref: channelnewsasia.com
ယနေ့ခေတ်

အိန္ဒိယနိုင်ငံတွင် အပူချိန်လွန်ကဲခြင်းကြောင့် ၁၆ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.