အီရန်နှင့် အစ္စရေးတို့ တတိယမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက်

တဲလ်အဗစ်၊ ဇွန် ၁၅

အီရန်၏တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀ ဦးသေဆုံးပြီး၊ အီရန်၏ အဓိကစွမ်းအင်နေရာများနှင့် လူနေရပ်ကွက်များမှာ အစ္စရေး၏တိုက်ခိုက်မှုများကြောင့် ထိမှန်ခဲ့ပြီး ပိုမိုကြီးမားသောပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်မှုများတိုးမြင့်လာခဲ့သည်။

အစ္စရေးသည် အီရန်နိုင်ငံတစ်ဝှမ်းတွင် သုံးရက်ကြာတိုက်ခိုက်မှုများဆင်နွှဲခဲ့ပြီး ပိုမိုကြီးမားသော လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

အီရန်၏ အချို့သောဒုံးကျည်များသည် အစ္စရေးလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ရှောင်တိမ်းခဲ့ပြီး နိုင်ငံအလယ်ပိုင်းရှိ အဆောက်အအုံများကို တိုက်ခိုက်ခဲ့သည်။

သောကြာနေ့က အီရန်၏ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာနေရာများကို အစ္စရေးကဗုံးကြဲတိုက်ခိုက်ပြီး ထိပ်တန်းဗိုလ်ချုပ်ကြီးများနှင့် နျူကလီးယားသိပ္ပံပညာရှင်များကို သေ ဆုံးခဲ့ပြီးနောက် နှစ်ဖက်စလုံးက နောက်ဆုတ်မည့်အရိပ်အရောင်မပြသခဲ့ဘဲ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အစ္စရေးက အီရန်အပေါ်တိုက်ခိုက်မှုများရပ်သွားပါက “ကျွန်ုပ်တို့၏တုံ့ပြန်မှုများလည်း ရပ်တန့်သွားလိမ့်မည်” ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးသည် တီဟီရန်အနီးရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် Bushehr ပြည်နယ်၊ ပင်လယ်ကွေ့ရှိ နောက်ထပ်ရေနံချက်စက်ရုံတစ်ခုကို ပစ်မှတ်ထားခဲ့ကြောင်း အာရာဂ်ချီက ပြောကြားသည်။

အီရန်၏လက်တုံ့ပြန်တိုက်ခိုက်မှုများကို အသေးစိတ်ဖော်ပြခြင်းမရှိဘဲ အစ္စရေးရှိ စီးပွားရေးနေရာများကို ပစ်မှတ်ထားသည်ဟု ၎င်းကပြောကြားသည်။

ပဋိပက္ခသည် ပိုမိုပြင်းထန်လာပြီး အီရန်၏စွမ်းအင်လုပ်ငန်းကိုချေမှုန်းရန်  ပိုမိုကျယ်ပြန့်သည့် ဒဏ်ခတ်ပိတ်ဆို့မှုသည် ကမ္ဘာ့စျေးကွက်များကို ထိခိုက်စေနိုင်သည့်အလားအလာ တိုးမြင့်လာခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နျူကလီယားသဘောတူညီချက်အသစ်ကိုလက်ခံမှသာ အီရန်သည် နောက်ထပ်ပျက်စီးခြင်းများကို ရှောင်ရှားနိုင်မည်ဟုပြောကြားကာ အစ္စရေး၏လုပ်ရပ်ကို အပြည့်အဝထောက်ခံကြောင်း ပြသခဲ့သည်။

သို့သော် တနင်္ဂနွေနေ့က အိုမန်တွင်စီစဉ်ထားသော ဆွေးနွေးပွဲများကိုရပ်ဆိုင်းခဲ့ပြီး တီဟီရန်က ဆွေးနွေးပွဲကို အဓိပ္ပါယ်မဲ့သည်ဟု ခေါ်ဆိုခဲ့သည်။

ထိုအတောအတွင်း အီရန်တွင် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် လွန်ခဲ့သည့်နှစ်ရက်အတွင်း အနည်းဆုံးလူ ၈၀ သေဆုံးပြီး ကလေး ၂၀ အပါအဝင် အခြားလူ ၈၀၀ ဒဏ်ရာရခဲ့သည်။

အစ္စရေးနိုင်ငံတွင် ညတွင်းချင်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံးလူ ၁၀ ဦး သေဆုံးခဲ့ပြီး၊ စုစုပေါင်းသေဆုံးသူ ၁၃ ဦးအထိ ရှိခဲ့သည်။ အစ္စရေး၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် လေပိုင်နက်ကို သုံးရက်ကြာပိတ်ထားခဲ့သည်။

Ref: Aljazeera

ပုံစာ – အစ္စရေးနိုင်ငံအတွင်း စစ်ကြောင့်ထိခိုက်မှုများ

#ယနေ့ခေတ်

အီရန်နှင့် အစ္စရေးတို့ တတိယမြောက်နေ့အဖြစ် အပြန်အလှန်တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.