အီးယူအစုအဖွဲ့၏ ပြဿနာများအတွက် ပေကျင်းကိုအပြစ်မတင်ရန် ဝမ်ယီက အီးယူသံတမန်များအား ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄

တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဥရောပ၏ စီးပွားရေးနှင့် လုံခြုံရေးပြဿနာများအတွက် ပေကျင်းကိုအပြစ်မတင်သင့်ကြောင်း၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးများအား မြူးနစ်တွင်ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ပူးပေါင်းဆောင်ရွက်မှုပိုမိုပြုလုပ်ရန် တွန်းအားပေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ဝမ်ယီသည် သောကြာနေ့က မြူးနစ်လုံခြုံရေးညီလာခံ၏ ဘေးထွက်တွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းနိုရယ် ဘာရော့နှင့် ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူးတို့နှင့်တွေ့ ဆုံစဉ် ယင်းမှတ်ချက်များ ပြောကြားခဲ့ခြင်းဖြစ်သည်။

အီးယူအစုအဖွဲ့သည် ပေကျင်းနှင့် ပိုမိုခန့်မှန်းရခက်လာသောဝါရှင်တန် နှစ်ခုလုံးအပေါ် မှီခိုမှုကိုလျှော့ချရန် ကြိုးစားနေချိန်တွင် တရုတ်နိုင်ငံကို ဥရောပသမဂ္ဂ၏ ယုံကြည်စိတ်ချရ သော မိတ်ဖက်တစ်ဦးအဖြစ် မြှင့်တင်ရန် ကြိုးပမ်းခဲ့သည်။

ကြေညာချက်အရ “ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဥရောပအတွက် အ ခွင့်အရေးတစ်ခုဖြစ်ပြီး ဥရောပ၏စိန်ခေါ်မှုများသည် တရုတ်ထံမှမလာပါ” ဟု ဝမ်ယီက ပြောကြားသည်။

တစ်ဖက်သတ်ဝါဒ၊ ကာကွယ်ရေးဝါဒနှင့် အာဏာနိုင်ငံရေးများသည် ကမ္ဘာတစ်ဝှမ်းတွင် မြင့်တက်လာနေကြောင်း သတိပေးခဲ့ပြီး၊ ဥရောပသည် “ တရုတ်နိုင်ငံအပေါ် ဆင်ခြင်တုံတ ရားနှင့် လက်တွေ့ကျသောမူဝါဒကို ကျင့်သုံးမည်” ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားသည်။

“ နှစ်ဖက်စလုံးဟာ ရန်သူတွေမဟုတ်ဘဲ မိတ်ဖက်တွေပါ။ အပြန်အလှန်မှီခိုမှုဟာ အန္တရာယ်မဟုတ်ပါဘူး။ အပြန်အလှန်အကျိုးစီးပွားတွေဟာ ခြိမ်းခြောက်မှုမဟုတ်ပါဘူး။ ပွင့်လင်းတဲ့ပူးပေါင်းဆောင်ရွက်မှုဟာ လုံခြုံရေးကိုထိခိုက်မှာမဟုတ်ပါဘူး။” ဟု ဆိုသည်။

စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုကြား ကုန်သွယ်ရေးတင်းမာမှုများနှင့် ယူက ရိန်းစစ်ပွဲတွင် တရုတ်သည် ရုရှားကိုထောက်ခံနေသည်ဟု အီးယူ၏အမြင်နှင့်ပတ်သက်ပြီး အငြင်းပွားမှုများနောက်ခံတွင် အဆိုပါအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံနှင့် ကြီးမားသည့်လိုငွေပြနေသော ကုန်သွယ်ဆက်ဆံရေးကို ပြန်လည်ဟန်ချက်ညီအောင် လုပ်ဆောင်နေချိန်တွင် ရှားပါးသတ္တုကဲ့သို့သော မ ဟာဗျူဟာကျသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် မှီခိုအားထားနေရမှုကိုလျှော့ချရန် အီးယူက ကြိုးစားနေသည်။

မကြာသေးမီနှစ်များအတွင်း ဥရောပကားလုပ်ငန်းကို ခြိမ်းခြောက်နေသည့် တရုတ်လျှပ်စစ်ကားတင်ပို့မှုနှင့် ဒိန်ခဲမှ ကော့ညက်အထိ အီးယူကုန်ပစ္စည်းများအပေါ် တရုတ်၏အခွန်ကောက်ခံမှုများနှင့် ပတ်သက်ပြီး နှစ်ဖက်ပဋိပက္ခဖြစ်ခဲ့ကြသည်။

“ တရုတ်-ဥရောပဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ရှင်းလင်းသည့်လမ်းညွှန်ချက်ပေးရန်” ကူညီဖို့ ဝမ်က ဂျာမနီနှင့် ပြင်သစ်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

သောကြာနေ့က ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူးနှင့် သီးခြားတွေ့ဆုံမှုတစ်ခုတွင် ဝမ်က စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တရုတ်-ဂျာမနီဆက်ဆံရေး၏ အုတ်မြစ်အဖြစ် ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝမ်သည် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ယူဗ်တီကော့ပါးနှင့်လည်း တွေ့ဆုံခဲ့ပြီး ပေကျင်းနှင့် လန်ဒန်တို့သည် ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာများကို ပိုမိုရှာဖွေသင့်ကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်စလုံးသည် ယူကရိန်းနှင့် အီရန်နိုင်ငံတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ref: channelnewsasia.com
#ယနေ့ခေတ်

အီးယူအစုအဖွဲ့၏ ပြဿနာများအတွက် ပေကျင်းကိုအပြစ်မတင်ရန် ဝမ်ယီက အီးယူသံတမန်များအား ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.