တိုင်းနှင့် ပြည်နယ်နေအရာအချို့တွင် ယနေ့မိုးထစ်ချုန်းရွာနိုင် ဟုဆို

ရန်ကုန်၊ မတ် ၈

တင်္နသာရီတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ပြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလမှ ယနေ့ နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။

မြန်မာ့ပင်လယ်ပြင်သည် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ကြောင်း သိရသည်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အရ နေပြည်တော်နှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သည်။ ရွာရန်ရာနှုန်း ၆၀ ဖြစ်သည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်တွင်လည်း ယနေ့ညနေအထိ ခန့်မှန်းချက်အရ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်ထားသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ-မိုး/ဇလ
ယနေ့ခေတ်

တိုင်းနှင့် ပြည်နယ်နေအရာအချို့တွင် ယနေ့မိုးထစ်ချုန်းရွာနိုင် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.