အပစ်အခတ်ရပ်စဲထားသော်လည်း လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက် ခိုက်မှုများကြောင့် အနည်းဆုံး လူငါးဦးသေဆုံး

ဒူဘိုင်း၊ ဇွန် ၂၀

အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲမှု အသက်ဝင်ပြီး နာရီပိုင်းအကြာ ဇွန်လ ၂၀ ရက်၊ စနေနေ့တွင် လက်ဘနွန်တောင်ပိုင်း၌ အစ္စရေး၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

အစ္စရေးစစ်လေယာဉ်များနှင့် ဒရုန်းများသည် နာဘာတီယာဒေသတစ်ဝိုက်တွင် ညလုံးပေါက်နှင့် စနေနေ့နံနက်အထိ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လူနေအိမ်များကို ဖျက်ဆီးခဲ့ကြောင်း၊ အစ္စရေးအမြောက်တပ်များသည် မိုးမလင်းမီ နာဘာတီယာနှင့် ၎င်း၏ဆင်ခြေဖုံးဒေသများကို ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန NNA က ပြောကြားသည်။

လက်ဘနွန်တွင် ရန်လိုမှုများ မြင့်တက်လာပြီးနောက် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့သည် သောကြာနေ့တွင် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။

အစ္စရေးအကြီးတန်းအရာရှိတစ်ဦးနှင့် ဟစ်ဇ်ဘိုလာသတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနသို့ သဘောတူညီချက်ကို အတည်ပြုခဲ့သည်။ အမေရိကန်အရာရှိက အပစ်အခတ်ရပ်စဲမှုသည် သောကြာနေ့ ညနေ ၄ နာရီ (GMT ၁ နာရီ) တွင် စတင်မည်ဟု ပြောကြားသည်။

Ref: channelnewsasia.com
ယနေ့ခေတ်

အပစ်အခတ်ရပ်စဲထားသော်လည်း လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ တိုက် ခိုက်မှုများကြောင့် အနည်းဆုံး လူငါးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.