အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ရုရှားသမ္မတ ဗလာဒီမာပူတင်က အော်သိုဒေါ့စ် အီစတာပွဲတော်အတွက် နှစ်ရက်ကြာ (၃၂ နာရီ) အပစ်အခတ်ရပ်စဲကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီက ကိယက်ဗ်မြို့သည် ယင်းအစီအမံကို လိုက်နာမည်ဟု ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့သည် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ပြီး သမ္မတဒေါ်နယ်ထရမ့်က တီဟီရန်အား ဟော်မုဇ်ရေလက်ကြားကို ပြန်လည်မဖွင့်လှစ်ပါက ယဉ်ကျေးမှုတစ်ခုလုံး ပျောက်ကွယ်သွားမည်ဟု ရာဇသံပေးထားသည့် နောက်ဆုံးအချိန်မတိုင်မီ နှစ်နာရီအတွင်း သဘောတူညီချက်တစ်ရပ်ရရှိခဲ့သည်။