ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း ကားလမ်းမများပေါ် ရေကျော်မှုများဖြစ်ပွား

ရန်ကုန်၊ ဇွန် ၂၅

နေပြည်တော်၊ ဥတ္တရသီရိမြို့အတွင်း မိုသည်းထန်စွာရွာသွန်းမှုကြောင့် ပျဉ်မနား-တောင်ညိုကားလမ်းမပေါ်တွင် ရေကြီးလျှံမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်၊ ညနေ ၃ နာရီခန့်က ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာ၊ မင်းနောင်ကျေးရွာအနီးရှိ ပုံးတတ်ရိုးမှ ရေကြီးလျှံမှုဖြစ်ပေါ်ကာ ပျဉ်မနား-တောင်ညိုကားလမ်းပေါ် ရေကျော်ကာ ခရီးသည်များ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့ကတော့ တောင်ညိုဘက်ကနေ ရေစတက်တော့ လမ်းတွေလည်း ရေမြုပ်ကုန်တယ်။ သွားရလာရတာတွေတော့ ခက်ခဲသွားတာပေါ့။ မိုးကအရမ်းကြီးတော့ ပုံးတက်ရိုးကနေပြီးတော့ ရေကြီးရေလျှံတာတွေဖြစ်ကုန်တာ။ အခုတောင် တောင်ညိုဘက်က ရေနည်းနည်းပြန်တက်လာတယ်။ ပျဉ်းမနားဘက်ဆို လမ်းတွေတော့ရေလျှံနေပါပြီ။ ရေတိုးတာတော့ ငလိုက်ချောင်းကနေပဲ လောလောဆယ် စိုးရိမ်စရာမရှိသေးပါဘူး။” ဟု မြို့ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပျဉ်မနား-တောင်ညိုလမ်းကားလမ်းမပေါ်တွင် ဒေသခံများနှင့် ခရီးသည်များ သွားလာရအဆင်ပြေရန် ဥတ္တရသီရိမြို့နယ် မီးသတ်စခန်း၊ တောင်ညိုနယ်မြေ မီးသတ်စခန်းနှင့် ပန်းတင်အမြန်လမ်း နယ်မြေမီးသတ်စခန်းတို့မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယနေ့နံပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ချောင်းမှ တောင်ညိုရွာဘက်တွင် ရေအနည်းငယ်ပြန်တက်လာကြောင်း ဒေသအတွင်းသတင်းများအရ သိရသည်။

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလမှ ယနေ့နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။

ယနေ့ညနေအထိခန့်မှန်းချက်အရ နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

ချစ်ချစ်ခိုင်
ဓာတ်ပုံ – MFSD
ယနေ့ခေတ်

ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း ကားလမ်းမများပေါ် ရေကျော်မှုများဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.