အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
ဇွန်လ ၂၁ ရက်၊ နံနက် ၁ နာရီခန့်က၊ ဖားကန့်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေများဝင်ရောက်ပြီး ငှက်ပျောတောရပ်ကွက်၊ နမ့်မှော်ရွာ၊ လုံးခင်းစျေးတန်းနှင့် လုံးဝေခါမှော်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး၊ နေအိမ်များရေနစ်မြုပ်နေကြောင်း သိရသည်။
“နံရံကြီးနဲ့ကပ်ပြီးတော့မှ အိမ်ဆောက်တော့ နံရံကကျောက်နဲ့ဆိုတော့ မိုးများပြီး ရေထွက်ပေါက်တွေမရှိတော့ နံရံပြိုကျတာ။ သူအိပ်တဲ့အခန်းကို ပိမိပြီးတော့ဖြစ်သွားတာ။ မိုးက တော့ မနေ့ညထဲကရွာတာ။ ရပ်ကွက်တွေထဲလည်း ရေတွေဝင်တယ်။ နောက်တစ်ခု ရပ်ကွက်(၅) မှာဆို ရေလယ်ဘုရားက အုတ်တံတိုင်းပြိုကျတာ။ ပေ ၇၀ လောက်တော့ရှိတယ်။ အခုတော့ မိုးမရွာဘူး။ မိုးတွေတော့မဲနေတယ်။”