မိုးသက်လေပြင်းတိုက်၍ တာဝါတိုင်နှစ်ခုပျက်စီး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင်မီးပျက်နိုင် ဟုဆို  

ရန်ကုန်၊ မေ ၂၄

ယမန်နေ့(မေ ၂၃)တွင် မိုးသက်လေပြင်းတိုက်ခတ်၍ တာဝါတိုင်နှစ်ခုပျက်စီးခဲ့ပြီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် လျှပ်စစ်မီးရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားသည်။

မေလ ၂၃ ရက်နေ့ ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားပေးစက်များသို့ ပို့လွှတ်လျက်ရှိသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ပလက်ဖေါင်းအား အရေးပေါ် Shut Down ပြုလုပ်ခဲ့ရသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်ပေးနိုင်မှု (450MW )ခန့် လျှော့နည်းလျက်ရှိကြောင်း သိရသည်။

ယနေ့နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်က မိုးသက်လေပြင်းများတိုက်ခတ်၍ ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာဓာတ်အားလိုင်းသည် ထန်းတပင်မြို့နယ်၊ တံတားဦးကျေးရွာအနီး၊ တာဝါတိုင်အမှတ် ၉၁ နှင့် ၉၂ နှစ်တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် အရေးပေါ်ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

YESC အနေဖြင့် ပျက်စီးသွားသည့်တာဝါတိုင်များကို ပြုပြင်နေစဉ်အတွင်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းသို့ ဓာတ်အားဖြန့်ဖြူးနိုင်မှု လျော့ကျလျှက်ရှိကြောင်း၊ ထိုသို့ ထိန်းသိမ်းပြုပြင်မှုများဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်အချို့တွင် ယာယီဝန်အားထိန်းညှိမှုများ ရှိနိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

#စုစု

ဓာတ်ပုံ – YESC

#ယနေ့ခေတ်

မိုးသက်လေပြင်းတိုက်၍ တာဝါတိုင်နှစ်ခုပျက်စီး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသအချို့တွင်မီးပျက်နိုင် ဟုဆို   အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.