မြန်မာနိုင်ငံ၏ သိသာထင်ရှားသည့်တိုးတက်မှုများကို မလေးရှားဝန်ကြီးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးတွင် ချီးကျူး

ဘန်ကောက်၊ မေ ၂၇

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်နေသော ဘက်အသီးသီးကို ထိတွေ့ဆက်ဆံမည့် အရေးကြီးသောခြေလှမ်းများကို တနင်္လာနေ့က ချီးကျူးခဲ့သည်။

Reuters ၏ အဆိုအရ အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်များသည် မြန်မာနိုင်ငံတွင် ရုန်းကန်နေရသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရန် နည်းလမ်းများကို ဆွေးနွေးကြပြီး၊ အာဆီယံဥက္ကဋ္ဌ အန်နဝါ၏ မကြာသေးမီက ကြိုးပမ်းမှုဖြစ်သည့် ပဋိပက္ခတွင်ပါဝင်သည့် အင်အားစုများအားလုံး ညှိနှိုင်းရေးစားပွဲဝိုင်းသို့ ခေါ်ဆောင်သွားနိုင်ရေးကို မျှော်လင့်ထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးအစီအစဉ်ကို တိုးမြှင့်လုပ်ကိုင်ရန် မလေးရှားက တနင်္ဂနွေနေ့တွင် တိုက်တွန်းလိုက်သည်ဟု မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

ယခုနှစ်မတ်လတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် လူ ၃၈၀၀ နီးပါးသေဆုံးပြီး သောင်းနှင့်ချီ၍ အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီးနောက် နစကအစိုးရက အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ အပစ်အခတ်ရပ်စဲရေးသည် မေလကုန်တွင် သက်တမ်းကုန်ဆုံးရန် သတ်မှတ်ထားသော်လည်း နစကအစိုးရက ထိုရက်မတိုင်မီ သက်တမ်းတိုးခဲ့သော်လည်း တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ပဋိပက္ခစောင့်ကြည့်လေ့လာသူများထံမှ သိရသည်။

ဒေသတွင်း ဝန်ကြီးများအစည်းအဝေးတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က “လက်ရှိ ထိခိုက်နေသောဒေသများတွင် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတိုးချဲ့ရန် အဆိုပြုခဲ့သည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ပြန်လည်ထူထောင်ရေးဆီသို့ရှေ့ရှုကာ ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသောလမ်းကြောင်းကို လွယ်ကူချောမွေ့စေရန်နှင့် မြန်မာပြည်သူလူထု၏ ဆင်းရဲဒုက္ခများကို သက်သာရာရစေရေးအတွက် ရန်လိုမှုများကိုရပ်တန့်ရန် ပါဝင်ပတ်သက်သူများအား တိုက်တွန်းခဲ့သည်။

အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသော်လည်း ကုလသမဂ္ဂနှင့် စောင့်ကြည့်လေ့လာသူများက လေကြောင်းမှတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောကြားသည်။

တိုက်ပွဲများ ခေတ္တရပ်ထားသော်လည်း အာဏာသိမ်းမှုကိုဆန့်ကျင်သည့်အဖွဲ့အစည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။

“မြန်မာအစိုးရအနေနဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို လိုက်နာရမယ်” ​​ဟု မိုဟာမက် ဟာဆန်ကပြောကြားပြီး၊ အပစ်အခတ်ရပ်စဲရေးအတွက် နေပြည်တော်သို့ အထူးသံတမန်တစ်ဦးသွားရောက်ရန် လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် မကြာသေးမီက ဘန်ကောက်တွင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးကိုလေးစားရန် တိုက်တွန်းခဲ့သည်။

အစောပိုင်းက နေပြည်တော်ကိုလာရောက်ခဲ့သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆင်က အာဆီယံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုများအတွက် ဇွန်လတွင်ပြန်လာရန်စီစဉ်ထားကြောင်း သိရသည်။

Ref: The Nation, Bangkok Post

#ယနေ့ခေတ်

မြန်မာနိုင်ငံ၏ သိသာထင်ရှားသည့်တိုးတက်မှုများကို မလေးရှားဝန်ကြီးချုပ်က အာဆီယံထိပ်သီးအစည်းအဝေးတွင် ချီးကျူး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.