အထူးသတင်း
- အယုဒ္ဓယမြို့ ကျောင်းထိုင်ဆရာတော်၏ ကျောင်းဆောင်အတွင်းမှ ငွေသားနှင့် ရွှေများကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိ
- အယုဒ္ဓယကျောင်းတိုက်ဆရာတော်ကို ငွေကြေးအလွဲသုံးစားမှုနှင့် လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံဖြင့် ဖမ်းဆီး
- ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မန်းမော်သတ္တုတွင်းလုပ်ငန်းများ ပြန်လည်စတင်
- ရေနံစိမ်းစျေးနှုန်းသည် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ သို့ရောက်ရှိ
- မိုင်းရှူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် မြေပြိုကျမှုဖြစ်ပွားကာ လေးဦးသေဆုံး
မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်နောက်ပိုင်း ဖြစ်ပေါ်လာသည့် အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်နှင့် ရပ်တန့်နေသော ငြိမ်းချမ်းရေးအစီအစဉ်ကို တိုးမြှင့်လုပ်ကိုင်ရန် မလေးရှားက တနင်္ဂနွေနေ့တွင် တိုက်တွန်းလိုက်သည်ဟု မီဒီယာများ၏ဖော်ပြချက်အရ သိရသည်။
“အပစ်အခတ်ရပ်စဲရေးမရှိရင်၊ မလိုအပ်တဲ့ရန်စမှုတွေ ရှိလာနေရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံး ပျက်သွားမှာပါ” ဟု အန်ဝါက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။