လန်ဒန်၊ မေ ၂၉
ဗြိတိန်သည် အစ္စရေးသို့ လက်နက်ရောင်းချခြင်းအား ရပ်ဆိုင်းရန် ရှေ့နေများနှင့် စာရေးဆရာများက တောင်းဆိုခဲ့ပြီးနောက် ကြာသပတေးနေ့က ဗြိတိန်အစိုးရကို အိတ်ဖွင့်ပေးစာတစ်စောင် လက်မှတ်ရေးထိုးပေးပို့ရာတွင် ပေါ့ပ်စတား Dua Lipa သည် အနုပညာရှင် ၃၀၀ ခန့်နှင့် ပူးပေါင်းခဲ့ကြောင်း သိရသည်။
သရုပ်ဆောင်များ၊ ဂီတပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အခြားပုဂ္ဂိုလ်များသည် ဂါဇာရှိ ထိတ်လန့်စရာအခြေအနေများတွင် ဗြိတိန်၏ပါဝင်ပတ်သက်မှုကို အဆုံးသတ်ရန် ဝန်ကြီးချုပ် ကီရာ စတားမာကို တောင်းဆိုသည့်စာတစ်စောင် ရေးသားပေးပို့ခဲ့သည်။
ဗြိတိသျှ-အယ်လ်ဘေးနီးယန်း ပေါ့ပ်အဆိုတော် Dua Lipa က ဂါဇာစစ်ပွဲနှင့်ပတ်သက်၍ ယမန်နှစ်က အစ္စရေး၏ထိုးစစ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် ဝေဖန်ခဲ့သည်။
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များကို အစ္စရေးကအကြိမ်ကြိမ်ငြင်းဆိုထားပြီး ၎င်း၏စစ်ဆင်ရေးသည် ဟားမတ်စ်၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တိုက်ခိုက်မှုကြောင့် ဟားမတ်စ်များကိုချေမှုန်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အခြားပါဝင်လက်မှတ်ရေးထိုးသူများတွင် သရုပ်ဆောင် Benedict Cumberbatch, Tilda Swinton နှင့် Riz Ahmed, ဂီတပညာရှင်များဖြစ်သည့် Paloma Faith, Annie Lennox နှင့် Massive Attack တို့ပါဝင်သည်။
စိတ်ရှည်သည်းခံပါဟု ပြောဆိုမရနိုင်ဘဲ လက်နက်များတင်ပို့ခြင်းကို ရပ်ဆိုင်းထားရန် ဗြိတိန်အခြေစိုက် လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် ဒုက္ခသည်ဆိုင်ရာအကူအညီပေးရေး ပရဟိတအဖွဲ့ Choose Love ကဦးဆောင်ပြီး လေဘာပါတီခေါင်းဆောင် စတားမာထံသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
ဆိုရှယ်မီဒီယာတွင်တင်ထားခဲ့သည့် ဆီးမိုက်ဆန့်ကျင်ရေးပုံရိပ်များကြောင့် BBC ရာထူးမှနုတ်ထွက်ခဲ့သည့် အားကစားရုပ်သံလွှင့်ဌာနမှ Gary Lineker လည်း အဆိုပါစာတွင် လက် မှတ်ရေးထိုးခဲ့သည်။
ဂါဇာကမ်းမြောင်တလွှား လူသားချင်းစာနာထောက်ထားမှု အပြည့်အဝရရှိရေး၊ ချက်ချင်းနှင့် အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကို ပူးပေါင်းပါဝင်ရန်နှင့် အစ္စရေးသို့ လက်နက်ရောင်းချမှုအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် လက်မှတ်ရေးထိုးထားသည့်အဖွဲ့များက ဗြိတိန်အစိုးရကို တိုက်တွန်းထားသည်။
“ဂါဇာကမ်းမြောင်က ကလေးတွေက နောက်ထပ်တစ်မိနစ်လောက် မစောင့်နိုင်တော့ဘူး။ ဝန်ကြီးချုပ် မင်းဘာကိုရွေးမှာလဲ၊ စစ်ရာဇဝတ်မှုတွေမှာ လိုက်လျောညီထွေဆက်နေရေးလား ဒါမှမဟုတ် လမ်းခွဲဖို့ ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ” ဟု အဆိုပါစာတွင် ရေးသားတိုက်တွန်းထားသည်။
ယခုလအစောပိုင်းက စတားမာသည် ဂါဇာတွင် အစ္စရေး၏ပြင်းထန်သောစစ်ရေးထိုးစစ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပြီး ရပ်တန့်ခြင်းမရှိပါက ခိုင်မာသောအရေးယူမှုများ ပြုလုပ်မည်ဟု ကတိပြုခဲ့သည်။
ပြီးခဲ့သောစက်တင်ဘာလတွင် ဗြိတိန်အစိုးရက အစ္စရေးသို့လက်နက်တင်ပို့ရောင်းချခွင့်လိုင်စင် ၃၅၀ မှ ၃၀ ကို ဆိုင်းငံ့ထားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဥပဒေအား ချိုးဖောက်ရာတွင် အသုံးပြုနိုင်သည့်အတွက် အန္တရာယ်ရှိကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်။
အစ္စရေးသည် မတ်လတွင် အပစ်အခတ်ရပ်ဆိုင်းခဲ့ပြီး ယခုလအတွင်း စစ်ဆင်ရေးများအရှိန်မြှင့်ပြီးနောက် နှစ်လအတွင်း လူထောင်ပေါင်းများစွာသေဆုံးခဲ့ရကာ ကမ္ဘာတလွှား မကျေနပ်မှုများ မြင့်တက်လာခဲ့သည်။
ပျက်စီးဆုံးရှုံးနေသောနယ်မြေအတွင်းသို့ လူသားချင်းစာနာထောက်ထားမှုများ ဝင်ရောက်အကူအညီပေးရန် နှစ်လကြာပိတ်ဆို့ခဲ့ပြီးနောက် ငတ်မွတ်ခေါင်းပါးမှုများလည်း စိုးရိမ်ဖွယ်ရာဖြစ်ပေါ်ခဲ့သည်။
တရားရုံးချုပ် တရားသူကြီးများအပါအဝင် ဗြိတိန်ရှေ့နေ ၈၀၀ ကျော်နှင့် ဗြိတိန်နှင့် အိုင်ယာလန်စာရေးဆရာ ၃၈၀ ခန့်က ဂါဇာတွင် အစ္စရေး၏လူမျိုးတုံးသတ်ဖြတ်မှုကို ယခုသီ တင်းပတ်အတွင်း အိတ်ဖွင့်ပေးစာဖြင့် ဗြိတိန်ကိုသတိပေးခဲ့သည်။
ဟားမတ်စ်သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက အစ္စရေးကိုတိုက်ခိုက်ရာတွင် အရပ်သားအများစုဖြစ်သည့် လူ ၁၂၁၈ ဦးသေဆုံးခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများကို အခြေခံ၍ AFP စာရင်းအရ သိရသည်။
ဟားမတ်စ်တို့က ဓားစာခံ ၂၅၁ ဦးကိုဖမ်းဆီးထားရာတွင် ဂါဇာတွင် ၅၇ ဦးကိုဖမ်းဆီးထားပြီး၊ ၃၄ ဦးမှာ သေဆုံးသွားကြောင်း အစ္စရေးစစ်တပ်က ပြောသည်။
အဆိုပါအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ်၏ထိုးစစ်ကြောင့် ဂါဇာတွင် အရပ်သားအများစုဖြစ်သည့် လူ ၅၄,၀၈၄ ဦးသေဆုံးခဲ့ပြီး၊ ဂါဇာရှိ လူဦးရေအားလုံးနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကာ အစာရေစာငတ်မွတ်မှုများဖြစ်ပေါ်နေသည်။
Ref: Bangkok Post
#ယနေ့ခေတ်
အစ္စရေးထံ လက်နက်ရောင်းချမှုကို အဆုံးသတ်ရန် ပေါ့ပ်စတား Dua Lipa က ဗြိတိန်အစိုးရကို တိုက်တွန်း အတွက် မှတ်ချက်များ 0 ခုရှိပါတယ်