ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၅ လအတွင်း ယာဉ်တိုက်မှု ၃၃ မှုတွင် ၁၂ ဦး သေဆုံးပြီး ၁၃၈ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၅ လအတွင်း ယာဉ်တိုက်မှု ၃၃ မှုရှိခဲ့ပြီး၊ သေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃၈ ဦးရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်မှ သိရသည်။

၂၀၂၅ ခုနှစ်၊ ၅ လပိုင်းအတွင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိုက်မှု ၃၃ မှုနှင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး၊ ကလေးငယ်များအပါအဝင် ၁၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အင်အားပြင်းငလျင်ကြောင့် လမ်းများပျက်စီးနေခြင်းကြောင့် ဂရုပြုစေလိုကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“အမြန်လမ်းယာဉ်တိုက်မှုက ငါးလပိုင်ကုန်အထိ ၃၃ မှုရှိခဲ့ပါတယ်။ သေဆုံးသူက အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၂ ယောက် သေဆုံးခဲ့တယ်။ ဒဏ်ရာရရှိသူ ၁၃၈ ယောက်အထိရှိခဲ့ပါတယ်။ မိုးတွင်ရောက်လာပြီဆိုတော့ လမ်းတွေမှာ စလစ်ဖြစ်တာတွေရှိတယ်။ ငလျင်လှုပ်ပြီးနောက်ပိုင်းမှာ လမ်းအနေအထားတွေက ပြောင်းလည်းတာတွေ ရှိနေတဲ့အတွက် ကီလိုတွေလျှော့မောင်းပါလို့ ပြောချင်ပါတယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းကြီး မိုင်တိုင်အမှတ် (၃၂/၅-၄) ဖာလုံကြားတွင် နေပြည်တော်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် Majesta Crown ယာဉ်သည် မိုးရွာသွန်းမှုကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကိုဝင်မိကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-MFSD

#ယနေ့ခေတ်

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ၅ လအတွင်း ယာဉ်တိုက်မှု ၃၃ မှုတွင် ၁၂ ဦး သေဆုံးပြီး ၁၃၈ ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.