ရန်ကုန်၊ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ်(၇၇/၇)တွင် ဇွန် ၄ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်က ခရီးသည်တင်ယဉ်တစ်စီး တိမ်းမှောက်မှုကြောင့် လူတစ်ဦးသေဆုံးပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်တိုင်အမှတ်(၇၇/၇)တွင် ကျုံပျော်မှ ရန်ကုန်သို့မောင်းနှင်လာသော ခရီးသည်တင်ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့တိမ်းမှောက်ပြီး သစ်ပင်အားဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
“ ခရီးသည်တင် မှန်လုံယာဥ်က အရှိန်မထိန်းနိုင်တာကြောင့် တိမ်းမှောက်သွားတာပါ။ ယာဥ်ပေါ်လိုက်ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက်မှာ တစ်ဦးက နေရာမှာပဲသေဆုံးသွားပါတယ်။ ကျန် ၁၁ ဦးက ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။ လက်ရှိတော့ ကျောင်းကုန်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။” ဟု ကျောင်းကုန်းလူငယ်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး နေရာတွင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးအနက် စိုးရိမ်ဖွယ်လူနာသုံးဦးရှိကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – MSFD
#ယနေ့ခေတ်
ကျောင်းကုန်းတွင် ခရီးသည်တင်ယာဥ်တစ်စီးတိမ်းမှောက် လူတစ်ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်