ဘန်ကောက်၊ ဇွန် ၈
ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနယ်စပ်တွင် စစ်ဆေးရေးဂိတ်များဖွင့်ချိန်ကို လျှော့ချထားသည့်အပြင် လူအချို့နှင့် ကုန်တင်ကားများ ဖြတ်သန်းသွားလာခြင်းကို တားမြစ်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ပိုင်နက်နယ်မြေကို ကျူးကျော်ပြီး ၎င်းတို့၏စစ်သားများကို ပစ်ခတ်တိုက်ခိုက်နေကြောင်း ကမ္ဘောဒီးယားက ဆက်လက်စွပ်စွဲနေသောကြောင့် စနေနေ့ညနေတွင် အဆိုပါအစီအမံကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းစစ်တပ်က ကမ္ဘောဒီးယား၏ပြောဆိုချက်များကို ပယ်ချခဲ့ပြီး ကမ္ဘောဒီးယားစစ်သားများက Ubon Ratchathani ခရိုင်ရှိ ထိုင်းမြေပေါ်သို့ ကျူးကျော်ဝင်ရောက်ကာ၊ မေလ ၂၈ ရက်က ဆွေးနွေးရန်ချဉ်းကပ်လာသော ထိုင်းစစ်သားများကို ပစ်ခတ်ခဲ့ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒက်က ထိုင်းနိုင်ငံသည် အခြေအနေအရပ်ရပ်နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် အပျော့မှ အကြမ်းအထိ အစီအမံအဆင့်လေးဆင့်ကို ပြင်ဆင်ထားကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားသည်။
ပထမအဆင့်အနေဖြင့် ကုန်သွယ်မှု၊ ကုန်တင်သယ်ယူပို့ဆောင်ရေး၊ အလုပ်သမားနှင့် အခြားလိုအပ်သည့်လုပ်ငန်း များတွင် ပါဝင်နေသူများ၊ လောင်းကစားသမားများနှင့် သံသယရှိ ရာဇဝတ်ကောင်များအပါအဝင် အန္တရာယ်ရှိသော အပြုအမူရှိသူများ၏ နယ်စပ်ဖြတ်ကျော်ဖြတ်ကျော်မှုများကို စစ်ဆေးမှုများ အရှိန်မြှင့်ဆောင်ရွက်မည်။
ဒုတိယအဆင့်တွင် နယ်စပ်ဖြတ်ကျော်ရန်ရက်နှင့် အချိန်များကို နယ်စပ်ဒေသများရှိလူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး ထိန်းချုပ်ကန့်သတ်ထားမည်။
တတိယအဆင့်တွင် တိုက်ခိုက်မှု သို့မဟုတ် ကျူးကျော်မှုဖြစ်နိုင်ချေရှိသော အန္တရာယ်များသောနေရာများကို ရွေးချယ်ပိတ်ပင်ခြင်းကို ကျင့်သုံးမည်။ အခြေအနေအကျပ်အတည်း သို့မဟုတ် ကျူးကျော်မှုဖြစ်လာပါက ကမ္ဘောဒီးယားနယ်စပ်ကို အပြီးအပြတ်ပိတ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒက်က ပြောကြားသည်။
“လက်ရှိအခြေအနေနဲ့ ဘာမှမသက်ဆိုင်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားပြည်သူတွေကိုကာကွယ်ဖို့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ နီကွန်ဒက်က ပြောသည်။
“ ထိုင်းနိုင်ငံသည် ဇွန်လ ၁၄ ရက်နေ့တွင်တွေ့ဆုံမည့် နှစ်နိုင်ငံယန္တရား အထူးသဖြင့် JBC (Joint Boundary Committee) ၏အဆင့်တိုင်းကို အမြဲတမ်းလိုက်နာရန် အခိုင်အမာတောင်းဆိုသည်” ဟု မစ္စတာ နီကွန်ဒက်က ပြောကြားသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ကမ္ဘောဒီးယားနယ်စပ်ဖွင့်ချိန်ကို ထိုင်းနိုင်ငံက ကန့်သတ်ထားပြီး နယ်စပ်ဖြတ်ကျော်မှုအချို့ကို ပိတ်ပင်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်