အီရန်ကို အစ္စရေး၏တိုက်ခိုက်ခြင်းနှင့် ပတ်သက်သမျှ နောက်ဆုံးရအခြေအနေများ

ဂျေရုဆလင်၊ ဇွန် ၁၃

အစ္စရေးသည် သောကြာနေ့ (ဇွန် ၁၃ ရက်) တွင် အီရန်နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာနေရာများကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ၎င်း၏စစ်ဆင်ရေးကို ပိုမိုအောင်မြင်ရန် ဆက်လက်လုပ်ဆောင်မည်ဟု ပြောကြားသည်။

အီရန်မြို့တော် တီဟီရန်နှင့် ယူရေနီယံသန့်စင်သည့် အဓိကနေရာ၌ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစ္စရေးသည် အီရန်၏ မတူညီသောနေရာများမှ နျူကလီးယားပစ်မှတ်များအပါအဝင် စစ်ဘက်ဆိုင်ရာပစ်မှတ် ဒါဇင်ပေါင်းများစွာကို ဂျက်တိုက်လေယာဉ်များနှင့် တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။

အဆိုပါစီးနင်းမှုတွင် ဂျက်လေယာဉ်အစင်း ၂၀၀ ပါဝင်ခဲ့ပြီး၊ ပစ်မှတ် ၁၀၀ ခန့်ကို ထိမှန်ခဲ့သည်ဟု ဆိုသည်။

မြို့တော်အရှေ့ဘက်ရှိ အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်၏ အဓိကနေရာတစ်ခုတွင် မီးနှင့် မီးခိုးများမြင်တွေ့ခဲ့ရကြောင်း မြို့တော်တွင်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း အစိုးရရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်သည်။ လူနေအိမ်အဆောက်အအုံများပျက်စီးမှုနှင့် အရပ်သားသေဆုံးမှုများလည်းဖြစ်ပွားခဲ့ကြောင်း သိရသည်။

အီရန်နိုင်ငံအလယ်ပိုင်း Isfahan ပြည်နယ်နှင့် အဓိကနျူကလီးယားစက်ရုံတည်ရှိရာ Natanz ကိုထိမှန်ခဲ့ကြောင်း အဆိုပါနေရာမှ မီးခိုးလုံးများထွက်နေသည့်ဗီဒီယိုဖိုင်ကို နိုင်ငံပိုင်ရုပ်သံက ကြိမ်ဖန်များစွာပြသခဲ့သည်။

ကုလသမဂ္ဂ (UN) နျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့က Natanz သည် တိုက်ခိုက်မှုအတွင်း ပစ်မှတ်ထားသည့်နေရာများထဲတွင်ပါဝင်ကြောင်း အတည်ပြုခဲ့ပြီး၊ ကုလအနေဖြင့် အီရန်အာဏာပိုင်များနှင့် နိုင်ငံတွင်းရှိ ၎င်းတို့၏စစ်ဆေးရေးမှူးများနှင့် ထိတွေ့မှုရှိနေသည်ဟု ပြောကြားသည်။

အီရန်နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်ဘက်သုံးနေရာအား တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးအစောင့်တပ်အကြီးအကဲ ဟိုစိန် ဆလာမီနှင့် လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ မိုဟာမက် ဘဂ်ဟာရီတို့ သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာကအတည်ပြုခဲ့သည်။ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် လူ ၅၀ ဒဏ်ရာရရှိခဲ့ကြောင်းလည်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

အီရန်နိုင်ငံ၊ တီဟီရန်မြို့ရှိ ဘာသာရေးခေါင်းဆောင်များအုပ်ချုပ်သည့်ပြည်နယ်သည် အစ္စရေးကိုခြိမ်းခြောက်မှုအဖြစ် အစ္စရေးကရှုမြင်သည်။

ယမန်နှစ် အောက်တိုဘာလတွင် အီရန်နိုင်ငံကပစ်လွှတ်သည့် ဒုံးကျည် ၂၀၀ ခန့်ကို အီရန်၏လေကြောင်းရန်ကာကွယ်ရေးက ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။ ယခု အစ္စရေး၏လုပ်ရပ်သည် လက်တုံ့ပြန်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ပြောကြားသည်။

အမေရိကန်၊ အစ္စရေးအပါအဝင် အခြားသောအနောက်နိုင်ငံများက အီရန်သည် နျူကလီယားလက်နက်ပိုင်ဆိုင်ရန် ကြိုးပမ်းနေကြောင်း အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး၊ အီရန်က အကြိမ်ကြိမ်ငြင်းဆိုထားသည်။

ကုလသမဂ္ဂ၏ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက အီရန်သည် ၎င်း၏တာဝန်ဝတ္တရားများကို လိုက်နာမှုမရှိကြောင်း ဗုဒ္ဓဟူးနေ့ကစွပ်စွဲခဲ့ပြီးနောက် ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှုကို အစ္စရေးကထပ်မံတောင်းဆိုခဲ့သည်။

အစ္စရေး၏တိုက်ခိုက်မှုကို အမေရိကန်က ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း အမေရိကန်မီဒီယာများကပြောကြားပြီးမကြာမီ အစ္စရေးသည် စစ်ရေးအရတိုက်ခိုက်မှုများ ဖြစ် လာဖွယ်ရှိကြောင်း အရိပ်အယောင်များထွက်ပေါ် လာခဲ့သည်။

“မဖြစ်တော့ဘူးလို့ မပြောလိုပါဘူး၊ ဒါပေမယ့် ဒါဟာ အရမ်းကောင်းတဲ့ကိစ္စလို့မြင်ပါတယ်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အစ္စရေး၏တိုက်ခိုက်မှု ပေါ်ပေါက်လာနိုင်သ လားဟု မေးမြန်းမှုအပေါ် ကြာသပတေးနေ့တွင် သတင်းထောက်များကို ပြန်လည်ဖြေကြားခဲ့သည်။

အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ တနင်္ဂနွေနေ့တွင် အိုမန်နိုင်ငံ၌ ခြောက်ကြိမ်မြောက်ဆွေးနွေးပွဲကိုပြုလုပ်ရန် အမေရိကန်နှင့် အီရန်တို့အကြား စီစဉ်ထားသည်။ တိုက်ခိုက်မှုအပြီးတွင် အဆိုပါဆွေးနွေးပွဲအတွက် မျှော်လင့်နေဆဲဖြစ်ကြောင်း ထရမ့်ပြောကြားသည်။

အစ္စရေးသည် စစ်ရေးနှင့် သံတမန်ရေးရာအထောက်အပံ့အတွက် အမေရိကန်ကိုမှီခိုနေရသော်လည်း တိုက်ခိုက်မှုများကို တစ်နိုင်ငံတည်းလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်ထိပ်တန်းသံတမန် မာကို ရူဘီအိုက ပြောကြားသည်။

“အီရန်ကိုတိုက်ခိုက်မှုတွေမှာ ကျွန်တော်တို့မပါဝင်ပါဘူး၊ ကျွန်တော်တို့ရဲ့ထိပ်တန်းဦးစားပေးက ဒေသတွင်းမှာ အမေရိကန်တပ်တွေကို အကာအကွယ်ပေးနေပါတယ်” ဟု အီရန်က အမေရိကန်၏အကျိုးစီးပွားများကို ပစ်မှတ်ထားခြင်းနှင့်ပတ်သက်ပြီး သတိပေးသည့်ကြေညာချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှုများကို ထောက်ခံခြင်း သို့မဟုတ် ဝေဖန်ခြင်းမပြုဘဲ ဤလုပ်ရပ်သည် ၎င်း၏ကိုယ်ကိုကိုယ်ကာကွယ်ရန်အတွက်လိုအပ်သည်ဟု အစ္စရေးကိုအကြံပေးခဲ့သည်ဟု ရူဘီအိုက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ထရမ့်သည် တိုက်ခိုက်မှုများကို ကြိုတင်သတိပေးထားကြောင်း၊ အီရန်တွင် “နျူကလီးယားဗုံးမရှိနိုင်” ဟု သတိပေးခဲ့ကြောင်း Fox News သို့ ပြောကြားခဲ့သည်။

အစ္စရေး၏ အသေခံတိုက်ခိုက်မှုများ၏ နောက်ဆက်တွဲအကျိုးဆက်များအတွက် ဝါရှင်တန်ကတာဝန်ယူရမည်ဟု အီရန်ကပြောကြားပြီး အစ္စရေးသည် အမေရိကန်၏ညှိနှိုင်းမှုနှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယခုသီတင်းပတ်ကုန်တွင် နျူကလီယားဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အိုမန်နိုင်ငံက ယခုတိုက်ခိုက်မှုသည် စေ့စပ်ညှိနှိုင်းမှုနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် အန္တရာယ်ရှိသော တိုးမြင့်လုပ်ဆောင်မှုဟု ဝေဖန်ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် ဆော်ဒီအာရေးဗီးယားက အစ္စရေး၏ ပြောင်ပြောင်တင်းတင်းရန်စမှုများကို ရှုတ်ချခဲ့သည်။

နေတန်ယာဟုက တိုက်ခိုက်မှုများသည် “အလွန်အောင်မြင်ပြီး ဘုရားသခင်အကူအညီဖြင့်၊ ကျွန်ုပ်တို့သည် ပိုမိုအောင်မြင်နိုင်လိမ့်မည်” ဟု ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေကြောင်းသွားလာမှုရပ်တန့်ခဲ့ပြီး အိမ်နီးချင်းအီရတ် သည် ၎င်း၏လေပိုင်နက်ကို လုံးဝပိတ်ထားခဲ့သည်။

အီရန်သည် မည်သည့်အချိန်တွင်မဆို လက်တုံ့ပြန်နိုင်ကြောင်း အစ္စရေးက သတိပေးထားပြီး အရေးပေါ်အခြေအနေကြေညာကာ ၎င်း၏လေပိုင်နက်ကိုလည်း ပိတ်ထားသည်။

“အီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ အစ္စရေးရဲ့ စိုးရိမ်ဖွယ်ဆုံးဖြတ်ချက်ဟာ ဒေသတွင်းအကြမ်းဖက်မှုတွေကို မီးထိုးပေးရာရောက်တယ်” ဟု အမေရိကန်အထက်လွှတ်တော် လက်နက်ကိုင်ဝန်ဆောင်မှုကော်မတီမှ ထိပ်တန်း ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ် Jack Reed က ပြောကြားခဲ့သည်။

အီရန်နိုင်ငံ ရေနံဝန်ကြီးဌာနက ရေနံချက်စက်ရုံများ သို့မဟုတ် သိုလှောင်ရုံများ ထိခိုက်ပျက်စီးမှုမရှိဟု ပြောကြားခဲ့သော်လည်း အဆိုပါတိုက်ခိုက်မှုများကြောင့် ရေနံဈေးသည် ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

Ref- CNA

#ယနေ့ခေတ်

အီရန်ကို အစ္စရေး၏တိုက်ခိုက်ခြင်းနှင့် ပတ်သက်သမျှ နောက်ဆုံးရအခြေအနေများ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.