တဲလ်အဗစ်၊ ဇွန် ၂၄
အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ဇွန်လ ၂၄ ရက်၊ အင်္ဂါနေ့တွင် အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီမှုကို အီရန်နိုင်ငံက ချိုးဖောက်ခဲ့ခြင်းကြောင့် အီရန်စစ်တပ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်ရန် အမိန့်ပေးခဲ့ကြောင်း ပြောကြားသည်။
တနင်္လာနေ့နှောင်းပိုင်းတွင် အပစ်အခတ်ရပ်စဲကြောင်း ထရမ့်ကကြေညာပြီးနောက်ပိုင်း အီရန်မှ ဒုံးကျည်ခြောက်စင်းပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားသည်။ ဘေရာရှီဘာတွင် လူလေးဦးသေဆုံးခဲ့ကြောင်း အစ္စရေးအမျိုးသားလူနာတင်ယာဉ်ဝန်ဆောင်မှုက ဆိုသည်။
တီဟီရန်၏နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်ခြိမ်းခြောက်မှုကိုဖယ်ရှားရေး ရည်မှန်းချက်အောင်မြင်ပြီးနောက် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက သဘောတူခဲ့ကြောင်း အစောပိုင်းတွင်ပြောကြားခဲ့သည်။
အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားမှလည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးကပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးရှိကြောင်း အတည်ပြုခဲ့သည်။ ရန်လိုမှုများပြီးဆုံးနိုင်သည်ဟု ၎င်းက အရိပ်အမြွက်ပြောကြားခဲ့သည်။
အမေရိကန်က အီရန်နျူကလီးယားစခန်းကို တနင်္ဂနွေနေ့ကဗုံးကြဲခဲ့ပြီး ပဋိပက္ခများ သိသိသာသာပြင်းထန်လာသည်။ တနင်္လာနေ့က ကာတာရှိ အမေရိကန်အခြေစိုက်စခန်းတစ်ခုကို အီရန်က လက်တုံ့ပြန်သည့်အနေနှင့် ဒုံးကျည်များနှင့်ပစ်ခတ်ခဲ့ပြီးနောက် ထရမ့်၏ အပစ်အခတ်ရပ်စဲရေးကြေညာချက် ထွက်ပေါ်လာခဲ့သည်။
Ref: CNA
#ယနေ့ခေတ်
အီရန်သည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ခြင်းကြောင့် တီဟီရန်ကိုတိုက်ခိုက်ရန် အမိန့်ပေးထားကြောင်း အစ္စရေး ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်