မန္တလေး၊ ဇွန် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်းနှင့် ၆၇ (A)လမ်းထောင့်ရှိ ဝမ်းဝမ်း Electric City ဆိုင်ရှေ့အနီးတွင် ဇွန် ၂၆ ရက်မှစတင်၍ အခမဲ့စားသောက်ဖွယ် Food Box ပြုလုပ်ထားကြောင်း သိရသည်။
လမ်းသွားရင်း ရုတ်တရက်ဗိုက်ဆာသူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးချို့ယွင်းသူများနှင့် ကလေးသူငယ်များ လွယ်လင့်တကူစားသောက်နိုင်ရေးအတွက် မန္တလေးမြို့အခြေစိုက် လူမှုကူညီရေးအဖွဲ့များကဦးဆောင်၍ “ လိုလျှင်ယူ ပိုလျှင်လှူ” ဆောင်ပုဒ်ဖြင့် မည်သူမဆိုအခမဲ့စားသောက်နိုင်သည့် Food Box အစီအစဉ်ကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း ကိုနေမျိုးမောင် One To One Mandalay Ko One ထံမှ စုံစမ်းသိရှိရသည်။
“ လမ်းသွားရင်း ဖြစ်တတ်တဲ့ ဗိုက်ဆာတာ၊ ခေါင်းမူးတာ အစရှိတဲ့သူတွေ။ အစာအိမ်သမားတွေ ဗိုက်ဆာရင်ယူစားဖို့အတွက် ‘လိုလျှင်ယူ ပိုလျှင်’လှူအစီအစဉ်အရ Food Box ထဲမှာရှိတဲ့ အချိုရည်၊ ပေါင်မုန့်နဲ့ ကိတ်မုန့် အစရှိတာကို အခမဲ့လှူဒါန်းပေးထားတာပါ။ ဒီအလှူဟာလဲ ခုနစ်ရက်သားသမီးတွေရဲ့ စုပေါင်းအလှူပါ” ဟု မန္တလေးမြို့ ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ‘လိုလျှင်ယူ ပိုလျှင်လှူ’ Food Box အတွင်း အချိုရည်ဗူး၊ အဆာပြေ မုန့်ပဲသရေစာများကို ထည့်သွင်းပေးထားပြီး မည်သူမဆို အခမဲ့ထုတ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Food Box အတွင်းသို့ လှူဒါန်းလိုသများအနေဖြင့် မိမိတို့သဘောဆန္ဒအတိုင်း လွတ်လပ်စွာထည့်သွင်းလှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ၂၀၁၉ ခုနှစ်ကလည်း မန္တလေးကျုံးအရှေ့ဘက်ခြမ်းတွင် Food Box ဖြင့် “ လိုလျှင်ယူ ပိုလျှင်လှူ” အစီအစဉ်ကိုဆောင်ရွက်ခဲ့ဖူးကြောင်း သိရသည်။
#မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – One To One Mandalay Ko One
#ယနေ့ခေတ်
မန္တလေးတွင် အခမဲ့စားသောက်ဖွယ် Food Box ပြုလုပ်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်