အကောက်ခွန်ကိစ္စအတွက် ထရမ့်ကို အလွယ်တကူအလျှော့ပေးမည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား

တိုကျို၊ ဇူလိုင် ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂျပန်ကုန်ပစ္စည်းများအပေါ် ၃၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ရန် ခြိမ်းခြောက်မှုကိုတားဆီးရေး တိုကျိုကကြိုးပမ်းနေချိန်တွင် ဂျပန်ဝန် ကြီးချုပ် အီရှိဘာက ဝါရှင်တန်နှင့်ဆွေးနွေးရာတွင် အလွယ်တကူအလျှော့ပေးမည်မဟုတ်ကြောင်း ဇူလိုင် ၆ ရက်တွင် ပြောကြားသည်။

“ကျွန်တော်တို့က လွယ်လွယ်နဲ့ အပေးအယူလုပ်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အချိန်ယူရတဲ့အတွက် ခက်ခဲတာပါ” ဟု အီရှီဘာက ရုပ်မြင်သံကြားဟောပြောပွဲတစ်ခုတွင် ပြောကြားသည်။

ကုန်သွယ်ရေးသဘောတူညီချက်များအတွက် ဗုဒ္ဓဟူးနေ့နောက်ဆုံးထား၍ ထရမ့်အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ဂျပန်က အလျင်စလိုပြုလုပ်နေစဉ် ၎င်း၏မှတ်ချက်များထွက်ပေါ် လာသည်။

ထရမ့်သည် ကုန်သွယ်ဖက်အများစုထံမှ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကို ဧပြီလကချမှတ်ခဲ့သော်လည်း စေ့စပ်ညှိနှိုင်းရာတွင် အသာစီးရရှိရန် ဂျပန်အပါအဝင် ဒါဇင်ပေါင်းများစွာသော စီးပွားရေးလုပ်ငန်းများအပေါ် တိုးမြှင့်နှုန်းထားများကို ထုတ်ပြန်ခဲ့သည်။

စေ့စပ်ညှိနှိုင်းရမည့် နောက်ဆုံးရက်ဖြစ်သည့် ဇူလိုင် ၉ ရက်မတိုင်မီ နိုင်ငံများအနေဖြင့် ဝါရှင်တန်နှင့် သဘောတူညီချက်များမရရှိပါက တိုးမြှင့်သည့်နှုန်းထားများ စတင်မည်ဖြစ် သည်။

ထရမ့်က ဂျပန်ကို စာတစ်စောင်ရေးကာ “ကျွန်တော်တို့ဆုံးဖြတ်တဲ့ အရေအတွက်က ၃၀ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း ဒါမှမဟုတ် ဘယ်၍ဘယ်မျှပေးဆောင်ပါ” ဟု တောင်းဆိုပြီး၊ နှစ်နိုင်ငံကုန်သွယ်မှုဆက်ဆံရေးမှာ မျှတမှုမရှိဘူးဟု ဆိုသည်။

အထူးသဖြင့် အမေရိကန်၏ မော်တော်ကားများနှင့် ဆန်များကိုလက်ခံရန် ဂျပန်ကိုအထူးဖိအားပေးခဲ့သည်။ တိုကျို၏ ကုန်သွယ်ရေးသံတမန် Ryosei Akazawa သည် ကြာသပ တေးနေ့နှင့် စနေနေ့တွင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick နှင့် တယ်လီဖုန်းပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့ ရုပ်မြင်သံကြားတင်ဆက်မှုတွင် အီရှိဘာက အမေရိကန်စီးပွားရေးတွင် အကြီးမားဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကို အခြားနိုင်ငံများနှင့် ကွဲပြားစွာဆက်ဆံသင့်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

“မတရားဘူးဆိုတာ ဘာလဲ၊ တရားမျှတမှု မရှိဘူးလား။ အမေရိကန်ရဲ့တောင်းဆိုချက်တွေထဲက တစ်ခုစီကို စစ်ဆေးဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်ုပ်တို့သည် မဟာမိတ်များဖြစ်သည်၊ သို့သော် ကျွန်ုပ်တို့ပြောစရာရှိသည်များကို ပြောရပါမည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံသူနိုင်ငံဖြစ်ပြီး၊ အမေရိကန်တွင် အကြီးဆုံး အလုပ်အကိုင်ဖန်တီးသူဖြစ်သည်။ ကျွန်ုပ်တို့သည် ကွဲပြားသည်” ဟု ၎င်းက ပြောသည်။

တနင်္ဂနွေနေ့ ရုပ်မြင်သံကြားတင်ဆက်မှုတစ်ခုတွင်၊ ထရမ့်၏စာအား မည်ကဲ့သို့ကိုင်တွယ်ရန်စီစဉ်ထားသည်ကို မေးမြန်းသောအခါ အီရှိဘာက ဂျပန်သည် “အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ရန်ပြင်ဆင်နေသည်” ဟု ပြောကြားခဲ့သည်။

Ref: CNA

#ယနေ့ခေတ်

အကောက်ခွန်ကိစ္စအတွက် ထရမ့်ကို အလွယ်တကူအလျှော့ပေးမည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.