ဂါဇာ၊ ဩဂုတ် ၁၁
ဂါဇာမြို့ရှိ တဲအိမ်တစ်ခုအား အစ္စရေး၏ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုအတွင်း အယ်လ်ဂျာဇီးရားသတင်းဌာနမှ သတင်းထောက်ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။
မြို့တော်ဂါဇာတွင် ဩဂုတ်လ ၁၀ ရက်၊ တနင်္ဂနွေနေ့ညနေပိုင်းက အစ္စရေး၏ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုအတွင်း အယ်လ်ဂျာဇီးရားသတင်းထောက် အယ်လ်ရှာရစ်ဖ်သည် လုပ်ဖော်ကိုင်ဖက်လေးဦးနှင့်အတူ သေဆုံးခဲ့သည်။
ဂါဇာမြို့တော် အယ်လ်ရှီဖာဆေးရုံ၏ ဂိတ်ပေါက်အပြင်ဘက်ရှိတဲကို ဩဂုတ်လ ၁၀ ရက်၊ တနင်္ဂနွေနေ့ညနေပိုင်းက အစ္စရေး၏တိုက်ခိုက်မှုအတွင်း လူခုနစ်ဦးသေဆုံးခဲ့သည်။ ၎င်းတို့အထဲတွင် အယ်လ်ဂျာဇီးရားသတင်းထောက် မိုဟာမက် အိုရီကီ၊ ဓာတ်ပုံသတင်းထောက် မိုဟာမက် နော်ဖယ်နှင့် မိုမန် အလီဝါတို့လည်းပါဝင်သည်။

လူသိများသော အသက် ၂၈ နှစ်အရွယ် အယ်လ်ဂျာဇီရာအာရဗီသတင်းထောက် အယ်လ် ရှာရစ်ဖ်က ဂါဇာမြို့တော်၏အရှေ့ဘက်နှင့် တောင်ပိုင်းဒေသများတွင် ပြင်းထန်သောဗုံးကြဲတိုက်ခိုက်မှုကို အစ္စရေးကစတင်ခဲ့သည်ဟု အသတ်မခံရမီအချိန်က X တွင် ရေးသားခဲ့သည်။
၎င်း၏နောက်ဆုံးထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် အစ္စရေး၏ အပြင်းအထန်ဗုံးကြဲချမှုကြောင့် မဲမှောင်နေသောကောင်းကင်တွင် လိမ္မော်ရောင်အလင်းတန်းများကို မြင်တွေ့ရပြီး၊ ကျယ်လောင်သောအသံများကို ကြားနေရသည်။
“သတင်းတွေကို ပုံဖျက်ခြင်း သို့မဟုတ် လွဲမှားစွာဖော်ပြခြင်းမရှိဘဲ အမှန်တရားကိုဖော်ပြဖို့ ကျွန်တော်ဘယ်တော့မှ မတွန့်ဆုတ်ခဲ့ပါဘူး၊ ဘုရားသခင်က နှုတ်ဆိတ်နေတဲ့သူတွေ၊ သတ်ဖြတ်ခံနေရမှုကို လက်ခံသူတွေနဲ့ အသက်ရှုဖို့အတွက် မွန်းကြပ်နေတဲ့သူတွေကို ဘုရားသခင်က သက်သေခံမယ်လို့ မျှော်လင့်ပါတယ်” ဟု အယ်လ် ရှာရစ်ဖ်က သူမသေဆုံးမီ ဧပြီ ၆ ရက်နေ့က ရေးသားထားခဲ့သည်။
Al Jazeera Media Network မှ ထုတ်ပြန်ချက်တွင် အဆိုပါသတ်ဖြတ်မှုများကို သတင်းလွတ်လပ်ခွင့်အတွက် နောက်ထပ် ပြောင်ပြောင်တင်းတင်းနှင့် ကြိုတင်ပြင်ဆင်ထားသောတိုက်ခိုက်မှုအဖြစ် ရှုတ်ချခဲ့သည်။
“ဒီတိုက်ခိုက်မှုဟာ အရပ်သားတွေကို မညှာမတာသတ်ဖြတ်မှု၊ အတင်းအကြပ် ငတ်မွတ်ခေါင်းပါးစေမှု၊ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ချေမှုန်းဖျက်ဆီးမှုတွေနဲ့ ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုတွေက ထွက်ပေါ်လာတဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေ” ဟု အဆိုပါကွန်ရက်က ပြောကြားသည်။
“ဆက်လက်ဖြစ်ပွားနေသော လူမျိုးတုံးသတ်ဖြတ်မှုကို ရပ်တန့်ရန်နှင့် ဂျာနယ်လစ်များအား တမင်ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရန်၊ ပြတ်ပြတ်သားသားအရေးယူရန်” Al Jazeera သတင်းဌာနက နိုင်ငံတကာအသိုင်းအဝိုင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို တောင်းဆိုထားသည်။
“ကျူးလွန်သူအတွက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တာဝန်မဲ့မှုက အစ္စရေးရဲ့လုပ်ရပ်တွေကို ခိုင်မာစေပြီး အမှန်တရားအတွက် သက်သေတွေအပေါ် ထပ်လောင်းဖိနှိပ်မှုတွေကို အားပေးကြောင်း အယ်လ်ဂျာဇီယာက အလေးပေးဖော်ပြပါတယ်” ဟု Al Jazeera Media Network က ပြောကြားသည်။
အယ်လ်ဂျာဇီးရားသတင်းထောက် ဟာနီ မာမွတ်က တိုက်ခိုက်မှုအတွင်း အယ်လ်ရှာရစ်ဖ်သေဆုံးမှုနှင့်ပတ်သက်၍ သတင်းတင်ဆက်ရခြင်းသည် ပြီးခဲ့သော ၂၂ လ စစ်ပွဲအတွင်း သူလုပ်ဆောင်ရမည့် အခက်ခဲဆုံးအရာဖြစ်သည်ဟု ပြောကြားသည်။
Al Jazeera Media Network ၏ အင်္ဂလိပ်ရုပ်သံလိုင်းအတွက်အလုပ်လုပ်သော မာမွတ်က သတင်းထောက်များသည် ဂါဇာရှိ ပါလက်စတိုင်းတို့၏ ငတ်မွတ်ခေါင်းပါးမှုနှင့် အစာခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုအပေါ် မညှာမတာသတင်းတင်ဆက်ခဲ့ခြင်းကြောင့် အသတ်ခံခဲ့ရသည်ဟု ပြောကြားသည်။
Credit: Al Jazeera
#ယနေ့ခေတ်
ဂါဇာတွင် အစ္စရေးတိုက်ခိုက်မှုအတွင်း အယ်လ်ဂျာဇီးရားသတင်းဌာနမှ သတင်းထောက်ငါးဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်