သီပေါမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးဒဏ်ရရှိ

ရန်ကုန်၊ ဩဂုတ် ၁၈

TNLA ထိန်ချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံသုံးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၈ ရက်၊ ယနေ့ နံနက် ၉ နာရီကျော်က သီပေါမြို့အနောက်ရပ်ကွက်ရှိနေရာအချို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံသုံးဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်သုံးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“လေကြောင်ကနေတိုက်တာ နေအိမ်တွေပေါ်ကျတဲ့အပြင် လူတွေပါထိတယ်။ သီပေါအနောက်ရပ်ကွက်က လက်ဖက်ရည်ဆိုင်နားလည်းကျတယ်။ လူကြီးတစ်ယောက်နဲ့ဆို သုံးဦးလောက်ဒဏ်ရာရတယ်။ တစ်ယောက်က ဒဏ်ရာပြင်းတယ်။ ရှောင်ချိန်လည်းမရဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဩဂုတ် ၉ ရက်နေ့ကလည်း TNLA ထိန်းချုပ်ထားသည့် သီပေါမြို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ငါးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

သီပေါမြို့တွင် နှစ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု ရှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် အရပ်သားသေဆုံးသူ ငါးဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၀ ဦးထက်နည်းရှိကြောင်း သိရသည်။

ယခုရက်ပိုင်းအတွက် TNLA ထိန်းချုပ်ထားသည့် မိုကုတ်၊ ကျောက်မဲ၊ သီပေါတို့တွင် လေကြောင်းတိုက်ခိုက်ခံရမှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် TNLA က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့များကို သိမ်းပိုက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်နေ့တွင် နစကတပ်က TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဇူလိုင် ၇ ရက်နေ့မှစ၍ TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ကို နလအတပ်မှ ပြန်လည်သိမ်းပိုက်ရန်အတွက် လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း သိရ သည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-  ဒေသခံ

#ယနေ့ခေတ်

သီပေါမြို့တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးဒဏ်ရရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.