ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ (ဃ)ရပ်ကွက်တွင် ဂစ်တာဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၈ ရက်၊ နေ့လည် ၁၂ နာရီကျော်က မြောက်ဥက္ကလာမြို့နယ်၊ (ဃ )ရပ်ကွက်၊ ဝေပုလ္လ(၆)လမ်းတွင် ဂီတာဆိုင်တစ်ဆိုင် မီးလောင်ကျွမ်းခဲ့ပြီး မည်သည့်အကြောင်းရင်းကြောင့် မီးစတင်လောင်ကျွမ်းရသည်ကို မသိရှိရသေးကြောင်း ဆိုသည်။
“ဂစ်တာဆိုင်ရဲ့ နောက်ဖေးကနေစလောင်တာပါ။ ကျွန်တော်တို့က ရေထုတ်ပေးတာဆိုတော့ မီးလောင်ပြင်ထဲအထိ မရောက်တော့ ဖြစ်စဉ်ကို သေချာမပြောနိုင်သေးဘူးဗျ။ လူထိ ခိုက်မှုတော့မရှိပါဘူး။ နေအိမ်တွေက ကပ်နေတော့ Level 1 တော့ခေါ်သွားပါတယ်။ နေအိမ်ကတော့ တစ်လုံးပါပဲလောင်တာ။” ဟု လူမှုကူညီရေးအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မီးလောင်မှုသည့် နေ့လည် ၁၂ နာရီ မိနစ် ၂၀ တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ နေ့လည် ၁၂ နာရီ မိနစ် ၄၀ တွင် မီးငြိမ်းသွားသည်။ အဆိုပါမီးလောင်ကျွမ်းမှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
ထိုအပြင် ဇန်နဝါရီ ၂၇ ရက်၊ ည ၈ နာရီကျော်ကလည်း တောင်ဥက္ကလာမြို့နယ် (၁၄)ရပ်ကွက် ရတနာလမ်းနှင့် သံသုမာလမ်းကြားရှိ ကားဝပ်ရှော့တစ်ခုတွင် မီးလောင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-MFSD
မြောက်ဥက္ကလာတွင် ဂစ်တာဆိုင်မီးလောင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်