ဇော်လေးနိုင်ဇာတ်အဖွဲ့ကား ချောက်ထဲပြုတ်ကျ ခုနှစ်ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ တောင်တွင်းကြီးလမ်းတွင် နေပြည်တော်-တပ်ကုန်းမြို့သို့ ဇာတ်ကရန်သွားသည့် ဇော်လေးနိုင်ဇာတ်အဖွဲ့ကား ချောက်ထဲပြုတ်ကျကာ ခုနှစ်ဦးသေဆုံးပြီး၊ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်၊ ညနေ ၅ နာရီကျော်က တောင်တွင်းကြီးလမ်း ဂွေးချိုကျေးရွာ၊ တောင်ညိုလမ်းတွင် ဇော်လေးနိုင်ဇာတ်အဖွဲ့ကားသည် အရှိန်လွန်ကာ ချောက်ထဲပြုတ်ကျပြီး ကားပေါ်လိုက်ပါလာသည့် ၂၇ ဦးအနက် အမျိုးသားငါးဦးနှင့် အမျိုးသမီးနှစ်ဦးသေဆုံးကာ၊ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့က ညနေ ၅ နာရီကျော်ကဖြစ်တာ။ ကုန်းဆင်းကွေ့မှာ ဘီးပေါက်သွားတာလား၊ မနိုင်တာလားမသိဘူး။ အရှိန်လွန်ပြီး ချောက်ထဲပြုတ်ကျတာ။ ကျားငါးဦး၊ မနှစ်ဦး စုစုပေါင်း ခုနှစ်ဦးသေဆုံးတယ်။ ဒဏ်ရာရတာက အယောက်နှစ်ဆယ်။ ကားပေါ်မှာ စုစုပေါင်းပါတာ ၂၇ ယောက်ပါတယ်။ အခုမှ ဇာတ်ကဖို့ တပ်ကုန်းကိုသွားမှာ။” ဟု အဆိုပါ မတော်တဆမှုကို သွားရောက်ကူညီပေးခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ချောက်ထဲပြုတ်ကျကာ သေဆုံးဆုံးသွားသည့် ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို မွန်မြတ်သူ လူမှုကူညီ ရေးအသင်းက ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ယနေ့ခေတ်

ဓာတ်ပုံ-မွန်မြတ်သူ လူမှုကူညီရေးအဖွဲ့

#ချစ်ချစ်ခိုင်

ဇော်လေးနိုင်ဇာတ်အဖွဲ့ကား ချောက်ထဲပြုတ်ကျ ခုနှစ်ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.