ရန်ကုန်၊ ဖောဖော်ဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ထော်လာဂျီတိမ်းမှောက်ကာ နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
ကျောက်မဲမြို့၊ မိုင်းတင်းကျေးရွာအုပ်စုတွင် ဖေဖော်ဝါရီ ၄ ရက်၊ နံနက်ပိုင်းက ထော်လာဂျီတစ်စီးမှောက်ကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ထော်လာဂျီက ဘယ်လိုမှောက်တယ်ဆိုတာတော့ မသိလိုက်ရဘူး။ အမှုအခင်းဖြစ်တာဆိုတော့ သူများခေါ်မှပဲ သွားသယ်ပေးရတာ။ သေဆုံးတာတော့ အမျိုး သားတစ်ဦးနဲ့ အမျိုး သမီးတစ်ဦးပဲ။” ဟု ဒေသခံပရဟိတအသင်းမှ အသင်းဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထော်လာဂျီတိမ်းမှောက်မှုတွင် သေဆုံးသွားသည့် ရုပ်အလောင်းနှစ်လောင်းကို နမ့်ခုံးရှမ်းများအသင်းမှ ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး OPT သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#ယနေ့ခေတ်
ဓာတ်ပုံ-နမ့်ခုံးရှမ်းများအသင်း
#ချစ်ချစ်ခိုင်
ကျောက်မဲမြို့တွင် ထော်လာဂျီတိမ်းမှောက် နှစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်