ဘန်ကောက်၊ ဧပြီ ၁
ဘန်ကောက်မြို့၊ ဖရာနခွန်ခရိုင်ရှိ 7-11 ကုန်စုံဆိုင်တစ်ဆိုင်ကို အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အင်္ဂါနေ့ညက ကားဖြင့်ဝင်တိုက်ခဲ့ပြီး သူမအပါအဝင် လူရှစ်ဦးဒဏ်ရာရရှိခဲ့သည်။
ဘန်လမ်းဖူးဒေသရှိ ဘိုဝန်နီဝက်လမ်းမပေါ်တွင် ည ၁၀ နာရီ ၅၀ မိနစ်ခန့်တွင် အဆိုပါယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ချန်နာဆောင်ခရမ်ရဲစခန်းက သတင်းထုတ်ပြန်သည်။

ကားသည် ဆိုင်အပြင်ဘက်ရှိ တုတ်တုတ်ကားတစ်စီးနှင့် ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ဦးစွာတိုက်မိပြီးနောက် 7-11 ဆိုင်ကို ဝင်တိုက်မိခဲ့သည်။
ဆိုင်အတွင်းသို့ တစ်ဝက်ခန့်ဝင်ရောက်သွားသည့် ဘန်ကောက်လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော EV ကားတစ်စီးကို ရဲများကတွေ့ရှိချိန်တွင် ဆိုင်နံရံများကျိုးပျက်ပြီး ဆိုင်ရှိပစ္စည်းများပျက်စီးနေခဲ့သည်။
နတ်ချာဟု ဖော်ပြထားသော ယာဉ်မောင်းသည် ဆိုင်ရှေ့ရှိ လမ်းဆုံတစ်ဝိုက်တွင် သူမ၏ကားကို အရှိန်ဖြင့်မောင်းနှင်ခဲ့ပြီး ဆိုင်အပြင်ဘက်တွင် နှစ်ကြိမ်တိုင်တိုင်ဝင်တိုက်မိခဲ့ကြောင်း ပြောကြားသည်။
ရဲတပ်ဖွဲ့၏အဆိုအရ ယာဉ်တိုက်မှုကြောင့် ဆိုင်ဝန်ထမ်းနှစ်ဦး၊ ထိုင်းလူမျိုးသုံးဦးနှင့် ဂျာမန်ခရီးသွားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ခေါက်ဆွဲရောင်းချသူ ချာလမ်ချိုင်း လီလေယင်ယော့ဒ်က ၎င်း၏မိခင်နှင့် ချစ်သူတို့သည် အရှိန်ဖြင့်မောင်းနှင်နေသော ကားကိုမြင်တွေ့ခဲ့ပြီး မတော်တဆမှုဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ သူတို့မျော်လင့်မထားချိန်မှာပင် ကားသည် ကုန်စုံဆိုင်ကိုဝင်တိုက်မိခဲ့သည်။
ဆေးရုံကို ပို့ဆောင်ခြင်းမပြုမီ ယာဉ်မောင်းက ယာဉ်ကိုမထိန်းနိုင်တော့ကြောင်း ရဲကိုပြောပြခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လုပ်နေချိန်တွက် ယာဉ်မတော်တဆမှုနှင့်ပတ်သက်ပြီး အကြောင်းရင်းကို မဆုံးဖြတ်ရသေးကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
Ref: bangkokpost.com
ယနေ့ခေတ်
ဘန်ကောက်မြို့ရှိ 7-11 ကုန်စုံဆိုင်တစ်ဆိုင်ကို အမျိုးသမီးတစ်ဦး ကားဖြင့်ဝင်တိုက် ၈ ဦး ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်